သတင်းများ

ပင်လောင်းမြို့နယ်၌ လူငယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 21,2026
လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် အရည်အချင်းပြည့်ဝပြီး တာဝန်ယူမှုစိတ်ဓာတ်များ မြင့်မားလာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပြုလုပ်သည့် လူငယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ပင်သပြေကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Jul 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်(၉)နာရီကစတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
လွိုင်လင်မြို့နယ်၊ ကွတ်ချိုးကျေးရွာ၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုသင်တန်းနှင့် ဒေသကြက်ဖြန့်ဖြူးပေးအပ်
Jul 21,2026
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ဆန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းဇော်ဝင်းနှင့်ဝန်ထမ်းများက လွိုင်လင်မြို့နယ် ကွတ်ချိုးကျေးရွာ၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာအထောက်အကူပြုပညာပေးသင်တန်းနှင့် အစားထိုးမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အခမ်းအနားမှူး သင်တန်းဖွင့်လှစ်
Jul 21,2026
​နိုင်ငံတော်အဆင့် အခမ်းအနားများမှစ၍ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိရုံးဌာနလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ရာတွင်လည်းကောင်း၊ သက်ဆိုင်ရာဒေသအာဏာပိုင်များမှ ဦးစီးကျင်းပသည့် အခမ်းအနားများ၊  ပုဂ္ဂလိကပွဲလမ်းသဘင်များတွင် တာဝန်ပေးအပ်လာပါက အခမ်းအနားမှူးတာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်နှင့် အခမ်းအနားတစ်ခုကို အစီအစဉ် စနစ်တကျ၊ ကျွမ်းကျင်ပိုင်နိုင်စွာ ဦးဆောင်ကျင်းပနိုင်ရန် ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနား ကို ဇူလိုင်လ ၂၀ ရက် နေ့လယ်  ၁ နာရီက ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။​
ဆီဆိုင်မြိုနယ်၌ အမျိုးသမီးများ ဝင်ငွေတိုးတက်ရေးအတွက် စက်ချုပ်နည်းပညာ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ
Jul 21,2026
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုနယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းအတွက် စက်ချုပ်နည်းပညာ မွမ်းမံသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။
တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပျံကျစျေးသည်များအား စျေးရောင်းချရာတွင် စည်းကမ်းတကျရှိစေရေး ကြီးကြပ်ဆောင်ရွက်
Jul 21,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်မြတ်၏လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စျေးနှင့် သားသတ်ဌာနစိတ်ဝန်ထမ်းများ၊ မြို့မစျေးစည်ကမ်းထိန်းဌာနစိတ်တို့ပူးပေါင်း၍ စျေးအတွင်းနှင့် စျေးပြင်ပ လမ်းဘေး ဝဲ၊ ယာများရှိ ပျံကျစျေးသည်များအား စည်းကမ်းတကျစျေးရောင်းချမှုရှိစေရေး ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ခဲ့သည်။
တိုက်ကြီးမြို့နယ်၌ ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေး စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ
Jul 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မှော်ဘီခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကာ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြစ်သည့် စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က သနပ်ချောင်းကျေးရွာအုပ်စု YGW ပရဟိတဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။
နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးမျိုးစေ့၊ ဓာတ်မြေသြဇာနှင့်ပံ့ပိုးပစ္စည်းများ ပေးအပ်
Jul 21,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးမျိုးစေ့၊ ဓာတ်မြေသြဇာနှင့်ပံ့ပိုးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့ကပင်းလက်ခုပ်ပင်ကျေးရွာအုပ်စု စာရံအိုင့်ကျေးရွာရှေ့တန်းစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။