တောင်တွင်းကြီး ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်မြတ်၏လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စျေးနှင့် သားသတ်ဌာနစိတ်ဝန်ထမ်းများ၊ မြို့မစျေးစည်ကမ်းထိန်းဌာနစိတ်တို့ပူးပေါင်း၍ စျေးအတွင်းနှင့် စျေးပြင်ပ လမ်းဘေး ဝဲ၊ ယာများရှိ ပျံကျစျေးသည်များအား စည်းကမ်းတကျစျေးရောင်းချမှုရှိစေရေး ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်ရာတွင် ပျံကျစျေးသည်များ၊ ခေါင်းရွက်စျေးသည်များ၊ စျေးအတွင်းနှင့် စျေးပြင်ပဆိုင်ခန်းများအားလမ်းမပေါ်သို့ ကျူးကျော်ရောင်းချမှုမရှိစေရေး၊ စည်းကမ်းတကျရောင်းချမှုရှိစေရေး၊ စွန့်ပစ်အမှိုက်များအား အမှိုက်ကန်များအတွင်း စနစ်တကျစွန့်ပစ်စေရေး၊ ခြင်၊ ယင်ဖောက်ဖွားမှုမရှိစေရေး ရေမြောင်းများအတွင်းစွန့်ပစ်ခြင်း၊ ဆိုင်ခန်းအတွင်း သိုလှောင်ထားရှိမှုမရှိစေရေး၊ ယာဉ်ကြောရှုပ်ထွေးပိတ်ဆို့မှုမရှိစေရေး စျေးရောင်း၊ စျေးဝယ်ပြည်သူများ၏ ယာဉ်များအား စည်းကမ်းတကျ အပ်နှံခြင်းလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့သည်။
ဦးမျိုး(ဗိဿနိုးမြေ)