လွိုင်လင်မြို့နယ်၊ ကွတ်ချိုးကျေးရွာ၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုသင်တန်းနှင့် ဒေသကြက်ဖြန့်ဖြူးပေးအပ်

လွိုင်လင်  ဇူလိုင် ၂၁

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ဆန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းဇော်ဝင်းနှင့်ဝန်ထမ်းများက လွိုင်လင်မြို့နယ် ကွတ်ချိုးကျေးရွာ၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာအထောက်အကူပြုပညာပေးသင်တန်းနှင့် အစားထိုးမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအား အသိပညာပေးသင်တန်း သင်ကြားပေးခြင်းနှင့် အိမ်ထောင်စုတစ်စုလျှင် ဒေသကြက်(၅)ကောင်နှုန်းဖြင့် အိမ်ထောင်စု(၁၀)စုအတွက် ဒေသကြက် (၅၀)ကောင်အား ဖြန့်ဖြူးပေးခဲ့ကြောင်းသိရသည်။

လွိုင်လင်မိုး