ပင်လောင်းမြို့နယ်၌ လူငယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ပင်လောင်း ဇူလိုင် ၂၁

လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် အရည်အချင်းပြည့်ဝပြီး တာဝန်ယူမှုစိတ်ဓာတ်များ မြင့်မားလာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပြုလုပ်သည့် လူငယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ပင်သပြေကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက လူငယ်များအနေဖြင့် ပညာရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ ခေါင်းဆောင်မှုစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး၊ လူမှုကွန်ရက်များကို မှန်ကန်စွာ အသုံးပြုရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍတို့ကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်မူစန်းစန်းအေးက လူငယ်နှင့် အားကစားဆိုင်ရာအခန်းကဏ္ဍကို လည်းကောင်း  အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နယ်လှည့်စာကြည့်တိုက်စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသည့် ဆရာ၊ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက လေ့လာကြည့်ရှု့ခဲ့ကြကြောင်း၊ အဆိုပါဟောပြောပွဲသို့ အလက ပင်သပြေကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)