ဆီဆိုင်မြိုနယ်၌ အမျိုးသမီးများ ဝင်ငွေတိုးတက်ရေးအတွက် စက်ချုပ်နည်းပညာ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

ဆီဆိုင် ဇူလိုင် ၂၁

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုနယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းအတွက် စက်ချုပ်နည်းပညာ မွမ်းမံသင်တန်းဆင်းပွဲကို ယနေ့နံနက်  ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးဝင်းကျောင်မျိုးက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် ဒေသဦးစီးမှူးနှင့်တာဝန်ရှိသူတို့က သင်တန်းထူးချွန်သူငါးဦးကို လုပ်ငန်းသုံးပစ္စည်းများအားလည်းကောင်း၊ သင်တန်းသူများအား ကုန်ချောပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။ အဆိုပါ စက်ချုပ်နည်းပညာ မွမ်းမံသင်တန်းကို သင်တန်းသူ(၁၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းအားဇူလိုင်လ (၇)ရက်နေ့မှ ဇူလိုင်လ (၂၁)ရက်နေ့အထိ (၁၅)ရက်ကြာ သင်ကြားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)