ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ကွန်ဟိန်း ဇူလိုင် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်(၉)နာရီကစတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ကွန်ဟိန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသောရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းပင်စင်လစာထုတ်ယူမည့်သူ စုစုပေါင်း (၂၃၀)ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)