သတင်းများ

ခရမ်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄) နှစ်အောက် U14 (Boys) Royal-D Cup (2026) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Jul 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄) နှစ်အောက် U14 (Boys) Royal-D Cup (2026) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်(၂:၃၀)နာရီတွင်  မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီး ဌာန ဘောလုံးအားကစားကွင်းတွင် ကျင်းပကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာ‌ပေးဟောပြောပွဲ ပြုလုပ်
Jul 21,2026
ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် နောင်ချိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်
Jul 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဆီဆိုင်မြိုနယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာ‌ရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း “လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးဆောင်ရွက်မည့်လုပ်ငန်း” မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာ မွမ်းမံသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
တောင်တွင်းကြီးမြို့ မြို့မဈေးအတွင်း ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းနှင့်၊ ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ
Jul 21,2026
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေးခြင်း(Campaign)နှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၈)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
အ.ထ.က မိုင်းနောင်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jul 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ် ပင်တလယ်ကျေးရွာ၌ ပန်းတိုင်အထွက်နှုန်းရရှိရေး မိုးစပါးများစိုက်ပျိုး
Jul 21,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းဆန်းစပါး ဖူလုံပိုလျှံရေး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မိုးစပါး ၅၂၈၁၇ ဧက လျာထားစိုက်ပျိုးလျက် ရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရပြီး ယနေ့နံနက်ပိုင်းက ပင်တလည်ကျေးရွာ၌ ပန်းတိုင်အထွက်နှုန်း ရရှိရေး GW-11 မိုးစပါးများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေး
Jul 21,2026
ပဲခူးတိုင်းဒေသကြီး ၊ကျောက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျှက်ရှိကြောင်းသိရသည်။