သတင်းများ

ဘီးလင်းမြို့၊  အ.ထ.က (အလူးလေး)  ကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းများဆောင်ရွက်
Jul 21,2026
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ ၌ ကျောင်းသား ၊ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိ ပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ   ယမန်နေ့  မွန်းလွဲပိုင်း က အ.ထ.က (အလူးလေး)ကျောင်းသို့ သွားရောက် ဆောင်ရွက် ခဲ့ကြ‌သည်။
နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲ ကျင်းပ
Jul 21,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကို ယနေ့နံနက်၁၀နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းစုမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်
Jul 21,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန ကျွန်းစုမြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများက ဇူလိုင် ၂၁ ရက်နေ့ နံနက်ပိုင်းက အ-ထ-က-ပန်းဇင်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ နှင့် UID ကတ်များကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီးပေးအပ်ပွဲကို ကျောင်းခန်းမ၌ ကျင်းပသည်။
တိုက်ကြီးမြို့နယ်၌ အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ
Jul 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသော အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီက ရွှေတိုက်ကြီး ဖူဆယ်အားကစားကွင်း၌ ကျင်းပသည်။
ဘောလခဲမြို့၌ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT) ဖွင့်လှစ်
Jul 21,2026
ကယားပြည်နယ်၊ ဘောလခဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဘောလခဲမြို့နယ် ဥပဒေရုံး၌ ဖွင့်လှစ်သည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားရေးအတွက် သီးထပ်သီးညှပ်ရောနှောစိုက်ပျိုးလုပ်ကိုင်
Jul 21,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် သီးနှံများစိုက်ပျိုးရာတွင် သီးနှံဝင်ငွေ တိုးပွားစေရေးအတွက် သီးထပ်သီးညှပ် ရောနှောစိုက်ပျိုးနည်းစနစ်များကို တစ်နှစ်ထက် တစ်နှစ် ပိုမိုအားထားစိုက်ပျိုးလုပ်ကိုင်လာကြကြောင်း သိရသည်။
လားရှိုးမြို့ မြန်မာစီးပွားရေးဘဏ်၌ ပင်စင်လစာလာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Jul 21,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ မြန်မာစီးပွားရေးဘဏ်၌ ပင်စင်လစာလာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ဇူလိုင် ၂၁ ရက်က စတင်ဆောင်ရွက်‌ပေးလျက်ရှိသည်။
သဗ္ဗညုဘုရား၏ အနောက်တောင်ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်တို့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Shaanxi Academy of Archaeology မှ ရှေးဟောင်းသုတေသနအဖွဲ့နှင့် သုတေသနဝန်ထမ်းများပူးပေါင်း၍ တူးဖော်သုတေသနလုပ်ငန်းများဆောင်ရွက်
Jul 21,2026
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၌ ၂၄-၈-၂၀၁၆ ခုနှစ်၊ ဩဂုတ် ၂၄ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် ပြင်းအား(၆.၈)ရစ်ချ်တာစကေးဖြင့် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သဗ္ဗညုဘုရား၏ ပျက်စီးမှုများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် ၂၀၁၇  ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် ဆွေးနွေးမှုသဘောတူညီချက် (MOM)နှင့် ၂၂-၉-၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ(MOU)များ ရေးထိုးခဲ့ကြောင်း သိရသည်။