သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆွေးနွေးပွဲ အခမ်းအနားတက်ရောက်
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
သရက်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးအပ်ပွဲ ကျင်းပ
Jul 21,2026
မကွေးတိုင်းဒေသကြီး၊သရက်မြို့၌လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်မြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် အုတ်ဖိုတိုက်ဘုန်းတော်ကြီးကျောင်းတွင် ရွှေ့ပြောင်းကျောင်း (၂၁) မှ ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ကျောင်းကုန်းမြို့၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာများရှင်းလင်း
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ခန္တီးမြို့၌ စာပေချစ်မြတ်နိုးသူ(Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Jul 21,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတွင် အတွေးအခေါ်မြင့်မားလာစေရန်၊ စာအုပ်စာပေလေ့လာဖတ်ရှုရမည့် အလေ့အကျင့်ကောင်းများရရှိ လာစေရန်၊ လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် လူငယ်ချင်းအတွေးအခေါ်များနှီးနှောဖလှယ်ခြင်းမှ အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူ (Youth Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ခန္တီးခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သီပေါမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ
Jul 21,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲ၊ စာအုပ် စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်းလင်း
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် နေဝင်းရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ စိမ်းလဲ့ရေကြည်ခန်းမတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင် အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ကျုံပျော်မြို့၌ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးပွဲပြုလုပ်
Jul 21,2026
ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘဝအေးချမ်းလုံခြုံရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ရဲတပ်ဖွဲ့မှ ဦးဆောင်ကာ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆွေးနွေးပွဲကို ကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ ဇူလိုင် ၂၀ ရက် နံနက်  ၉  နာရီက ပြုလုပ်သည်။
ဒက္ခိဏသီရိမြို့နယ်၊ ဆည်စုကျေးရွာ၌ အိမ်ခြံဝင်း စိုက်ပျိုးရေး မျိုးစေ့များ ပေးအပ်၊ စိုက်နည်းစနစ်များနှင့် အကျိုးကျေးဇူးများ ဆွေးနွေး
Jul 21,2026
ပြည်သူများ အိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်များ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်နှင့် မိသားစုအသုံးစရိတ်‌လျော့ချရန်ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဆည်စုကျေးရွာ၌ အိမ်ခြံဝင်း (Home Gardening) စိုက်ပျိုးရန် ဟင်းသီးဟင်းရွက် မျိုးစေ့များပေးအပ်ခြင်းနှင့် စိုက်ပျိုးရေးနည်းစနစ်များ၊ အကျိုးကျေးဇူးများ အသိပညာပေး ဆွေးနွေးပွဲကို ယမန်‌နေ့က အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။