နတ်မောက် ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးမျိုးစေ့၊ ဓာတ်မြေသြဇာနှင့်ပံ့ပိုးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့ကပင်းလက်ခုပ်ပင်ကျေးရွာအုပ်စု စာရံအိုင့်ကျေးရွာရှေ့တန်းစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက နတ်မောက်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ဘဏ္ဍရေးနှစ် မိုးစပါး(၂၄၉၉၉)ဧက လျာထားသတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေရရှိနိုင်သော ဧရိယာများ၊ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်ကောင်းမျိုးများပြောင်းလဲစိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ကျောက်တံခါးဆည်ရေသောက်အတွင်း မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား မိုးစပါးမျိုးစေ့များပေးအပ်ခဲ့ရာ မြို့နယ်စိုက်ကြပ်အဖွဲ့ဝင်များနှင့် စပါးစိုက်တောင်သူ ကိုယ်စားလှယ်(၃၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း