မိုင်းနောင် ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ရုံးစာကြည့်တိုက်သို့ စာအုပ်၊စာစောင်များ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်ရန်နှင့် ကျောင်းစာများအပြင် ပြင်ပစာပေများမှအသိပညာဗဟုသုတများရရှိ၍ အဖက်ဖက်မှ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် ကျောင်းသား၊ကျောင်းသူများအားလုံး စာဖတ်ရှိန်မြှင့်မားရေးနှင့် စာဖတ်စွမ်းရည်များတိုးတက်လာစေရန်၊ စာအုပ်၊စာစောင်များကို ချစ်ခင်မြတ်နိုးတန်ဖိုးတတ်စေရန်၊ စာပေဖတ်ရှုလေ့လာလိုသည့်အလေ့အကျင့်ကောင်းများရရှိစေရန် ပုံပြင်ပြောခြင်း၊ ဥာဏ်စမ်းမေးခွန်းများ၊ မေးမြန်းဖြေဆိုစေခြင်း၊ ကဗျာရွတ်ဖတ်ခြင်းများ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)