ဆီဆိုင် ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုနယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း “လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးဆောင်ရွက်မည့်လုပ်ငန်း” မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာ မွမ်းမံသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် ဒေသဦးစီးမှူးနှင့်တာဝန်ရှိသူတို့မှ သင်တန်းထူးချွန်သူ(၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ကို အသီးသီးပေးအပ်ခဲ့ကြသည်။ အဆိုပါ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း ပညာမွမ်းမံသင်တန်းကို သင်တန်းသား(၁၃)ဦး တက်ရောက်ကြပြီး သင်တန်းအားဇူလိုင်လ(၆)ရက်နေ့မှ ဇူလိုင်လ(၂၀)ရက်နေ့အထိ သင်ကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)