ကျောက်ကြီး ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး ၊ကျောက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျှက်ရှိကြောင်းသိရသည်။
ထိုသို့ထုတ်ပေးရာတွင် ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားဦးရေ (၉၀၀) ဦးကျော်ခန့်ရှိရာ၊ ယနေ့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(၃၀၀) ကျော်ခန့်အား ဘဏ်လုပ်ငန်းချိန် အတွင်း၌ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကျန်လူများအား နောက်ရက် ဘဏ်လုပ်ငန်းချိန်တွင် ထုတ်ယူနိုင်ရေးစီမံဆောင်ရွက်ထားကြောင်း ၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ ဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေးရာတွင် ပိုမိုလျှင်မြန်လွယ်ကူစွာထုတ်ယူနိုင်ရေးနှင့် လုပ်ငန်းတွင်ကျယ်မှုရှိစေရန် လစဉ်ပုံမှန်(၂၁)ရက်နေ့ နံနက်(၆) နာရီအချိန်မှစ၍ ထုတ်ပေးလျက်ရှိပြီး ကိုယ်တိုင် လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း၊ ပင်စင်လစာများ ထုတ်ပေးနေစဉ်အတွင်း အငြိမ်းစားဝန်ထမ်းများအား သက်တောင့်သက်သာ နားနေနိုင်ရန်နှင့် ပင်စင်လစာငွေများ ထုတ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)