ကျောက်ဆည် ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းဆန်းစပါး ဖူလုံပိုလျှံရေး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မိုးစပါး ၅၂၈၁၇ ဧက လျာထားစိုက်ပျိုးလျက် ရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရပြီး ယနေ့နံနက်ပိုင်းက ပင်တလည်ကျေးရွာ၌ ပန်းတိုင်အထွက်နှုန်း ရရှိရေး GW-11 မိုးစပါးများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးစပါးများကို ကွင်းအမှတ် ၂၀၈-က ဦးပိုင်အမှတ် ၂၆/၅ တောင်သူဦးကျော်ငွေထွန်း၏ လယ်မြေ ၇ ဧကတွင် စိုက်ပျိုးလျက်ရှိကြောင်းနှင့် စိုက်ပျိုးရာ၌ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကြီးကြပ်၍ ပင်ကြား၊ တန်းကြား ၆ လက်မ၊ ၈ လက်မ အကွာအဝေးဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)