Skip to main content

Oct 06, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားလွှတ်တော်ချုပ်မှ ကြီးမှူး၍ (၁၂) ကြိမ်မြောက် အာရှ - ပစိဖိတ်ဆိုင်ရာ နိုင်ငံတကာဥပဒေဖိုရမ် (The 12th International Legal Forum of the Asia-Pacific Region)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးက နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ မြေမြင့်ဗုဒ္ဓသာသနာပြုကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

ရော်ဘာကဏ္ဍရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်များနှင့် စက်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၀) စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

​​​​​​​ဆရာဟူသည် အနန္တငါးပါးဂိုဏ်းဝင်ကျေးဇူးရှင်ဖြစ်သည်။ “ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ” ဟူသည့် ငါးပါးသော ကြီးမြတ်သည့်ပုဂ္ဂိုလ်များတွင် အပါအဝင်ဖြစ်သည်။ ဆရာဟူသည် အသိပညာ၊ အတတ်ပညာများပေးဝေငှသည့် ပုဂ္ဂိုလ်များဖြစ်ပြီး သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူသော တိုက်ရိုက်မထိတွေ့သည့် ပုဂ္ဂိုလ်များကိုပင် ကျေးဇူးရှင်ဆရာဖြစ်သည်ဟု သတ်မှတ်ကြသည်။ ထို့ကြောင့် ဆရာဟူသမျှကို ရိုသေလေးစားကြ၍ ဆည်းကပ်ကိုးကွယ်အပ်သည်။ ဆရာဟူသမျှကို စိတ်ဝယ်မျှပင် ပြစ်မှားကျူးလွန်ခြင်းအမှုတို့ကို မပြုအပ်ပေ။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

ယဉ်ကျေးမှုဆိုသောစကားရပ်က လူ့ဘောင်လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် သက်ဆိုင်ပြီး လွန်စွာကျယ်ပြန့်သည်။ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုဟုဆိုရာတွင် ထိုလူမျိုးတို့၏ ဘဝတစ်သက်တာ တစ်လျှောက် ဝတ်စားဆင်ယင်မှု၊ နေထိုင်မှု၊ သွားလာမှု၊ စားသောက်မှု၊ ယုံကြည်ကိုးကွယ်မှု၊ ဘာသာစကား၊ ဓလေ့ထုံးစံ၊ လက်မှုပညာများ၊ ဖျော်ဖြေမှုအနုပညာများစသည့် ဒြပ်ရှိဒြပ်မဲ့အရာ အားလုံးပါဝင်သည်။ နည်းပညာက အရာရာကိုဦးဆောင်လာသည့် မျက်မှောက်ခေတ်တွင် ယဉ်ကျေးမှုများလည်း အပြန်အလှန် ကူးလူးယှက်သွယ်လျက်ရှိရာ ပျက်လွယ်ပျောက်လွယ်သည့် ဒြပ်မဲ့ယဉ်ကျေးမှုများကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ လွန်စွာအရေးကြီးလာသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2023

အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့နှင့်ပိတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်ရှိ အမှတ်(၁)တပ်မတော် ဆေးရုံ(ခုတင်-၇၀ဝ)၊ ဇီဝကခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်၊ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု/ကျွမ်းကျင်သူ(အရာရှိ)များ၊ သူနာပြု/ကျွမ်းကျင်သူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးပညာရှင်များ၊ နိုင်ငံတကာမှဆေးပညာရှင်များ၊ အငြိမ်းစားအရာရှိကြီးများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2023

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2023

င်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့နေ့လယ်ပိုင်းတွင်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူးဗိုလ်မှူးချုပ်ဝေလင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၄-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၅-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၅၃၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၈) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2023

ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ပဲခူးမြို့ မြို့တော်ခန်းမ၌ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2023

မွန်ပြည်နယ်အတွင်းရှိ MSME အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းရှင်များကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ကျောက်တန်းစက်မှုနယ်မြေ၊ ငွေမိုးကွန်ကရစ်ကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမ၌တွေ့ဆုံပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီးနှင့်အတူ အောက်တိုဘာ ၁ ရက်က ဘားအံမြို့နယ် ဇာသပြင်ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးနိုင်ဝင်းအောင်၏ ကာကီကင်း (ဥစားဘဲ) အကောင်ရေ ၁၃၇၀၀ နှင့် CP-ဝက်များ မွေးမြူထားရှိမှုကို သွားရောက်ကြည့်ရှုပြီး မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှု၊ အစားအစာဘေးကင်း လုံခြုံသော ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2023

အာဆီယံ-ဂျပန် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင်ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2023

ပဲမျိုးစုံတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2023

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး ရထားလမ်းမကြီး၏ တောကျွဲအင်းနှင့် ကညွတ်ကွင်းဘူတာအကြား မိုင်တိုင် ၁၂၀/၇-၈ ရှိ တံတားအမှတ် (၁၇၉) အနီးတွင် ယနေ့နံနက် ၈ နာရီခန့်က တောကျွဲအင်း နယ်မြေရဲစခန်းမှ လုံခြုံရေးလှည့်ကင်းဆောင်ရွက်နေစဉ် ဝိုင်ယာကြိုးများနှင့်သွယ်တန်းထားသည့် မိုင်းဟုယူဆရသော ဆာလာအိတ်နှင့် ထည့်ထားသော ကော်ပုံးနှစ်ပုံးကိုတွေ့ရှိရသဖြင့် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ရှိသူများသွားရောက်ပြီး မိုင်းရှင်းလင်းဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင်မိုင်းကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2023

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော MG MG4 အမျိုးအစား လျှပ်စစ်သုံးယာဉ်များ၊ Myanmar Great Motor Co., Ltd. မှ တင်သွင်းလာသော Karry Cowfish၊ Karry Dolphin ၊Karry Elephen အမျိုးအစား လျှပ်စစ်သုံးယာဉ်များနှင့် Myanmar ArrThit Man Motor Co., Ltd.မှ တင်သွင်းလာသော AIMA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2023

(၄၅) ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီကကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်