Skip to main content

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့မှ လမ်းသွားလမ်းလာ ပြည်သူများကို စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲဖမ်းဆီးနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဧပြီ ၈

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့တွင် ဧပြီလ ၇ ရက်နေ့က လမ်းသွားလမ်းလာပြည်သူ ၁၀ ဦးနှင့် အုတ်ဖိုမြို့နယ်၊ အရှေ့ချောင်းဂွကျေးရွာမှ နွားကျောင်းသား ၃ ဦး၊ လမ်းသွားလမ်းလာ ပြည်သူ ၂ ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာက Khit Thit က အထင်အမြင်လွဲမှားဖွယ် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိပါသည်။

အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့ရွာများတွင် အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်လှုပ်ရှားမှုမရှိစေရန်အတွက် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ လှည့်ကင်းပတ်ကင်းဆောင်ရွက်ခြင်းများသာ လုပ်ဆောင်လျက်ရှိပြီး လမ်းသွားလမ်းလာပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ခြင်းမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ထိုသို့ တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များကို စိုးရိမ်ထိတ်လန့်စေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက စစ်မှုထမ်းရန်ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်းစသည့် ကောလာဟလသတင်းအမှားများဖြင့် ဝါဒဖြန့်လှုံ့ဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။