Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော် ဧပြီ ၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ မြို့နယ်အသီးသီးမှ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခရေရိပ်သာ၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ထားဝယ်တပ်နယ် အောင်ဆန်းခန်းမ၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်မှစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌လည်းကောင်း ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများက တွေ့ဆုံသည်။

ထို့သို့တွေ့ဆုံရာတွင် တိုင်းမှူးများက အမှာစကားများ အသီးသီးပြောကြားကြပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးများနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။