Skip to main content

နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ဌာနဆိုင်ရာ သင်္ကြန်ယိမ်းအဖွဲ့များ ရိုက်ကူးရေးဆောင်ရွက်လျက်ရှိ

နေပြည်တော် ဧပြီ ၇

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ ဆောက်လုပ်ပြင်ဆင်လျက်ရှိသည်။

နေပြည်တော် -  တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့်လည်း “ခါသင်္ကြန်အဆို အက” အစီအစဉ်ကို ယခင်နှစ်များနည်းတူ တင်ဆက်နိုင်ရေး သင်္ကြန်ယိမ်းအဖွဲ့များဖြင့် ရိုက်ကူးရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဇမ္ဗူသီရိ ခုတင် (၅၀)ဆံ့ဆေးရုံ၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော် တိုင်းပညာရေးမှူးရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးချုပ်နှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ သင်္ကြန်ယိမ်းအဖွဲ့များသည် သင်္ကြန်တေးသီချင်းများဖြင့် ရိုက်ကူးရေး ပြုလုပ်ခဲ့ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်သို့လည်း တစ်ဆက်တည်း ဝင်ရောက်ကြည့်ရှုလေ့လာကြသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သင်္ကြန်ယိမ်းအဖွဲ့များသည် သင်္ကြန်တေးသီချင်းများဖြင့် ရိုက်ကူးရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်