Oct 08, 2023
ယနေ့နံနက်ပိုင်းမှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာခြင်းနှင့် ဇောင်းတူဆည်နှင့် ကဒူကွင်းဆည်တို့၏ ရေပိုလွှဲ ရေကျော် စီးဆင်းလာခြင်းတို့ကြောင့် ပဲခူးမြို့နယ်၊ ပဲခူးဘူတာနှင့် ရွှေလှေဘူတာကြား၊ မိုင်တိုင်အမှတ် (၅၀/၃-၇) ရထားလမ်း အလျား ပေ၅၀၀ခန့်တွင် သံလမ်းအပေါ် ရေ ၁၈လက်မခန့် ကျော်တက်နေပြီး ရထားများဖြတ်သန်းနိုင်မှုမရှိသဖြင့် လူစီးအမြန်ရထား(၂)စင်း ခေတ္တရပ်နားထားရပါသည်။
Oct 08, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ လှော်ကားသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံနှင့် အင်းစိန်မြို့နယ်ရှိ ရွာမသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Oct 08, 2023
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) အစည်းအဝေးခန်းမ၌ လွတ်လပ်သောပညာရှင်အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေ မန်နေဂျာများ၊ စက်ရုံမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Oct 08, 2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ အောက်တိုဘာ ၇ ရက်နှင့် ယနေ့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်၊ ၈၈၀ စင်တီမီတာအထက် ၆၈ စင်တီမီတာ(၂ ပေခန့်)အထိ မြင့်တက်မှုကြောင့် ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်(၈)ခုနှင့် ကျေးရွာ(၂)ခုတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။
Oct 08, 2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတပ်မမှူးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့အတွင်း ရေကြီးနစ်မြုပ်သည့် ရပ်ကွက်များနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
Oct 08, 2023
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၈.၁၀.၂၀၂၃) ရက်နေ့တွင် ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်--
Oct 08, 2023
ပဲခူးမြို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို့၏စိုးရိမ်ရေအမှတ်(၈၈၀)စင်တီမီတာအားကျော်လွန်ပြီး (၉၄၀)စင်တီမီတာသို့ရောက်ရှိနေပြီဖြစ်သောကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများသို့ ရေများဝင်ရောက်လျက်ရှိသည့်အပြင် ပဲခူးမြို့တွင်း ရန်ကုန်-မန္တလေး ကားလမ်းမပေါ်သို့ ရေကျော်လျက်ရှိကြောင်း သိရသည်။
Oct 08, 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်- ရန်ကုန်လမ်းပိုင်း) ပေါ်ရှိ နေပြည် တော်စီလမ်းဆုံတိုးဂိတ်၊ နေပြည်တော် မီနီတိုးဂိတ်၊ သာဂရတိုးဂိတ်၊ တောင်ငူတိုးဂိတ်၊ အုတ်တွင်းတိုးဂိတ်၊ ဖြူးတိုးဂိတ်၊ ဒရယ်မီးတိုးဂိတ်၊ ဘောနက်ကြီးတိုးဂိတ်၊ အမှတ် (၃) တိုးဂိတ်တို့မှ လမ်းအသုံးပြုခကောက်ခံနေမှု၊ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ သိုင်းချောင်းရေလမ်းကြောင်း ထိန်းသိမ်းရန်အတွက် ရေကာတုတ် ရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု နှင့် AC ကတ္တရာဖြင့် လမ်းပေါက်များ ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
Oct 08, 2023
ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 08, 2023
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့အကြို ဘတ်စကက်ဘောပြိုင်ပွဲကို ယနေ့ ညနေ ၄ နာရီက နေပြည်တော် (တပ်ကုန်း) ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဘတ်စကက်ဘော အားကစားကွင်း၌ ကျင်းပသည်။
Oct 08, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် UMFCCI ရုံးချုပ်၌တွေ့ဆုံ၍ ကုန်စျေးနှုန်းတည်ငြိမ်စေရေး ပြည်တွင်းထွက်ကုန်များ ပြည်တွင်းစျေးကွက်ကို ထိခိုက်မှုမရှိစေဘဲ ပြည်ပသို့ ပုံမှန်တိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စများကို ဆွေးနွေးညှိနှိုင်းသည်။
Oct 08, 2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် တလုတ်ပင်ကျေးရွာအုပ်စု၌ ဧပြီလအတွင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။
Oct 08, 2023
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်နိုင်ငံ Astana မြို့၌ အောက်တိုဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ ပထမအကြိမ်စွမ်းအင်ဖိုရမ် (First Energy forum of the Shanghai Coo-peration Organization) သို့ တက်ရောက်ခဲ့ပြီး ရုရှားနိုင်ငံမော်စကိုမြို့တွင် ကျင်းပမည့် (၆) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် Russia Energy Week International Forum (REW) သို့တက်ရောက်ရန် ယမန်နေ့နံနက်က မော်စကိုမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။
Oct 08, 2023
မြန်မာနိုင်ငံသည် ကုန်းတွင်းပိုင်း၌ လက်ယှက်ထိုးနေသော မြစ်ချောင်းများပေါများပြီး ကြီးမားကျယ်ပြန့်ရှည်လျားသည့် ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားသည်။ မြန်မာ့ကမ်းရိုးတန်းသည် မြောက်ဘက်အစွန်ဆုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် နတ်မြစ်ဝမှ တောင်ဘက်အစွန်ဆုံး ထိုင်းနိုင်ငံနယ်စပ် ဘုရင့်နောင်အငူအထိ ရှည်လျားသည်။ ရခိုင်ကမ်းရိုးတန်းသည် ၇၁၃ ကီလိုမီတာ၊ မြစ်ဝကျွန်းပေါ်သည် ၄၃၇ ကီလိုမီတာနှင့် တနင်္သာရီကမ်းရိုးတန်းသည် ၁၀၇၈ ကီလိုမီတာရှိသဖြင့် ကမ်းရိုးတန်းအရှည် ၂၂၂၈ ကီလိုမီတာ၊ မိုင်ပေါင်း ၁၃၀၀ ကျော်ရှိသည်။
Oct 08, 2023
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိ ရုပ်ဝတ္ထု (material)၊ ငွေကြေး (money)နှင့် လူသား (man) အရင်းအမြစ် သုံးမျိုး (3Ms) ကို အကျိုးရှိ အထိရောက်ဆုံးအသုံးပြုရမည်ဟု ပညာရှင်များက ဆိုကြသည်။ ရုပ်ဝတ္ထုအရင်းအမြစ်တွင် သဘာဝသယံဇာတအရင်းအမြစ်များနှင့် လူလုပ်ပစ္စည်းကိရိယာများအားလုံး လွှမ်းခြုံပါဝင်ပြီး ငွေကြေးအရင်းအမြစ်တွင် နိုင်ငံ၏ပြည်တွင်း ပြည်ပတွင်ရှိနေသော ငွေကြေးအရင်းအနှီးအားလုံးပါဝင်သည်။ လူသားအရင်းအမြစ်တွင်မူ နိုင်ငံသားပြည်သူများ၏ ကာယ၊ ဉာဏစွမ်းအားများ၊ အသိပညာအတတ်ပညာကျွမ်းကျင်မှုများနှင့် စိတ်ဓာတ်ရေးရာအခြေအနေများ ပါဝင်သည်။
Oct 07, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့တွင် စက်တင်ဘာ (၂၃) ရက်နေ့မှ အောက်တိုဘာ (၈) ရက်နေ့အထိ ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးရွှေ (၁)၊ ကြေး (၂) ရရှိပြီးပြန်လည်ရောက်ရှိလာသော မြန်မာအားကစားအဖွဲ့သည် ယနေ့မွန်းလွဲ ၃ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြသည်။
Oct 07, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်ဦးဗိုလ်ဌေး နှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ မလွှကုန်းယာဒ်ဝင်းဧရိယာအတွင်း စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Oct 07, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဂျောင်ဝိုင်းကျေးရွာရှိ ဂျောင်ဝိုင်းလွန်းကျင်း လုပ်ငန်းပြန်လည်ဆောင်ရွက်နိုင်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Oct 07, 2023
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး မျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည်ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင်းတာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာ ရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါသည်။