Skip to main content

Oct 06, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူများ နွားနို့တိုက်ကျွေးရေးအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်လယ်ဝေးခရိုင် လယ်ဝေးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အေလာ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းတို့မှဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

အရည်အသွေးစစ်ဆေးခြင်းနှင့် အကြိုကွင်းဆင်း၍ ဖြစ်တန်စွမ်းလေ့လာခြင်းဆိုင်ရာ အသိပညာနှီးနှော ဖလှယ်ဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအမှတ် (၃၆)၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

မာရီဂိုးလ်ပန်းကို ထပ်တစ်ရာပန်း၊ ဒေပါလီ၊ ရွှေတဆုပ်စသည့်ဖြင့် ဒေသအလိုက် အမည်အမျိုးမျိုးခေါ်ဝေါ်ကြပြီး အဆိုပါပန်းမျိုးကို ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ယခုနှစ်မှစတင်စမ်းသပ်စိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

၂၀၂၆ ကမ္ဘာ့ဖလားပထမအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမကစားသမား ၃၃ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး အောက်တိုဘာ ၇ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

​​​​​​​နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲများကို မြို့နယ်အသီးသီး၌ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

အာဆီယံမဏ္ဍိုင်(၃)ရပ်ဖြစ်သော အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်၊ အာဆီယံစီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်နှင့် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်တို့၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ စာတမ်း၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ဝမ်ကျိုးမြို့ Wenzhou Dragon Boat Center ၌ နဂါးလှေ (Dragon Boat) အမျိုးသား/အမျိုးသမီး မီတာ ၅၀၀ (၁၂)တက် လှော်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲမစတင်မီ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့သည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ပထမအကြိမ်စွမ်းအင်ဖိုရမ် (First Energy forum of the Shanghai Cooperation Organization) သို့တက်ရောက်ရန် ကာဇက်စတန်နိုင်ငံ Astana မြို့သို့ရောက်ရှိနေသော စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် ယနေ့နံနက်ပိုင်းက ကာဇက်စတန်နိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Satkaliyev Almassadam နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံစွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စများကို ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူသားများနှင့် သဘာဝတရားအကြား သဟဇာတဖြစ်သော ဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုစသည့်ကဏ္ဍသုံးခုကို ချိတ်ဆက်ပေးရန် ရည်ရွယ်ကျင်းပသည့် တတိယအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီးကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Nyingchi မြို့တွင် အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပလျက်ရှိရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

မြန်မာနိုင်ငံသင်္ဘောများ မှတ်ပုံတင်ခြင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားလွှတ်တော်ချုပ်မှ ကြီးမှူး၍ (၁၂) ကြိမ်မြောက် အာရှ - ပစိဖိတ်ဆိုင်ရာ နိုင်ငံတကာဥပဒေဖိုရမ် (The 12th International Legal Forum of the Asia-Pacific Region)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးက နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ မြေမြင့်ဗုဒ္ဓသာသနာပြုကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

ရော်ဘာကဏ္ဍရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်များနှင့် စက်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၀) စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

​​​​​​​ဆရာဟူသည် အနန္တငါးပါးဂိုဏ်းဝင်ကျေးဇူးရှင်ဖြစ်သည်။ “ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ” ဟူသည့် ငါးပါးသော ကြီးမြတ်သည့်ပုဂ္ဂိုလ်များတွင် အပါအဝင်ဖြစ်သည်။ ဆရာဟူသည် အသိပညာ၊ အတတ်ပညာများပေးဝေငှသည့် ပုဂ္ဂိုလ်များဖြစ်ပြီး သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူသော တိုက်ရိုက်မထိတွေ့သည့် ပုဂ္ဂိုလ်များကိုပင် ကျေးဇူးရှင်ဆရာဖြစ်သည်ဟု သတ်မှတ်ကြသည်။ ထို့ကြောင့် ဆရာဟူသမျှကို ရိုသေလေးစားကြ၍ ဆည်းကပ်ကိုးကွယ်အပ်သည်။ ဆရာဟူသမျှကို စိတ်ဝယ်မျှပင် ပြစ်မှားကျူးလွန်ခြင်းအမှုတို့ကို မပြုအပ်ပေ။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2023

ယဉ်ကျေးမှုဆိုသောစကားရပ်က လူ့ဘောင်လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် သက်ဆိုင်ပြီး လွန်စွာကျယ်ပြန့်သည်။ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုဟုဆိုရာတွင် ထိုလူမျိုးတို့၏ ဘဝတစ်သက်တာ တစ်လျှောက် ဝတ်စားဆင်ယင်မှု၊ နေထိုင်မှု၊ သွားလာမှု၊ စားသောက်မှု၊ ယုံကြည်ကိုးကွယ်မှု၊ ဘာသာစကား၊ ဓလေ့ထုံးစံ၊ လက်မှုပညာများ၊ ဖျော်ဖြေမှုအနုပညာများစသည့် ဒြပ်ရှိဒြပ်မဲ့အရာ အားလုံးပါဝင်သည်။ နည်းပညာက အရာရာကိုဦးဆောင်လာသည့် မျက်မှောက်ခေတ်တွင် ယဉ်ကျေးမှုများလည်း အပြန်အလှန် ကူးလူးယှက်သွယ်လျက်ရှိရာ ပျက်လွယ်ပျောက်လွယ်သည့် ဒြပ်မဲ့ယဉ်ကျေးမှုများကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ လွန်စွာအရေးကြီးလာသည်။

ဆက်လက်ဖတ်ရှုရန်