Jun 22, 2024
ယနေ့ကာလတွင် ကမ္ဘာ့စီးပွားရေးဂယက်ရိုက်ခတ်မှု၊ နိုင်ငံခြားငွေကြေး၊ ရွှေဈေးမြင့်မားလာမှု၊ သွင်းကုန်ဈေးနှုန်းမြင့်မားမှု စသည်တို့ကိုအကြောင်းပြု၍ ပြည်တွင်းရှိ အရပ်ရပ်ကုန်ဈေးနှုန်းများအားလုံး တစ်ပြိုင်တည်းပင်မြင့်မားလာသည်ကို ကြုံတွေ့ကြရမည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ငွေကြေးဖောင်းပွမှုနှင့် အခြေခံပြည်သူများ စားဝတ်နေရေးကျပ်တည်းမှုများ တစ်နေ့ထက်တစ်နေ့ မြင့်မားလာနိုင်သည်။
Jun 22, 2024
သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် မိုးရာသီ ဇူလိုင်လနှင့် ဩဂုတ်လများတွင် ရောဂါကူးစက်မှုအများဆုံးဖြစ်သည်ကို တွေ့ရှိရသော်လည်း ယခုအခါ အချို့ပြည်နယ်၊ တိုင်းဒေသကြီးများတွင် တစ်နှစ်ပတ်လုံးဖြစ်ပွားလာသည်ကို တွေ့ရှိရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုသည်။ ရောဂါကူးစက်မှုအများဆုံးသို့ မရောက်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်တွင်းဒေသအသီးသီးတို့တွင် ဆောင်ရွက်လျက်ရှိရာ အများပြည်သူတို့ သွေးလွန်တုပ်ကွေးဆိုင်ရာ အသိပညာများမြင့်မားရေးနှင့် ရောဂါကာကွယ်ရေးဆိုင်ရာလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ကြရေးတို့ အဓိကလိုအပ်သည်။
Jun 21, 2024
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့ ည ၁၀ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံကျေးရွာအနီးတွင် TOYOTA WISH ခရီးသည် တင်မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် အိုက်ဆန်း(ခ)အိုက်ပေါင်း သယ်ဆောင်လာသည့်
Jun 21, 2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဇွန်လ ၁၉ ရက်နေ့က မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသော တရုတ်နိုင်ငံသား ၄ ဦးအား လက်နက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစကားပြောစက်များ၊ မူးယစ်ဆေးဝါးများ၊ တရားမဝင်လက်ဝယ်ထားရှိသည့် တောရိုင်းတိရစ္ဆာန်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Jun 21, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jun 21, 2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့မိမြို့ဖများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
Jun 21, 2024
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အားဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ စွမ်းအင်နှင့်လျှပ်စစ် ဓာတ်အားဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jun 21, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် (၁၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေးဖိုရမ် (The 15th International Infrastructure Investment and Construction Forum – IIICF) ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအိုဒေသနှင့် နိုင်ငံတကာမှ အုပ်ချုပ်မှုနှင့် ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ အကြီးအကဲများ၊ ကိုယ်စားလှယ်များ၊ တရုတ်-အပြည်ပြည်ဆိုင်ရာ ကန်ထရိုက်တာများအသင်းနှင့် မကာအိုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့ အစည်းတို့မှဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှ ကျွမ်းကျင်ပညာရှင်များ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြသည်။
Jun 21, 2024
မန္တလေးတိုင်းဒေသကြီး၊ မြို့သာမြို့နှင့်ကမ္မရွာအကြားတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသတို့ စီးနင်းလိုက်ပါလာသည့်မော်တော်ယာဉ် ပစ်ခတ်ခံခဲ့ရပြီး ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ပျံလွန်တော်မူခဲ့ရကာ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် ယာဉ်မောင်းတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန် ၁၉ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Jun 21, 2024
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ပြည်သူများသို့ အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် နေပြည်တော်မြို့ပတ်လမ်းနှင့် ရွှေပြည်တော်ဝင်လမ်းထောင့်၌ ကျင်းပသည်။