Aug 02, 2024
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကကျင်းပသည့် မေထုန်မဲ့သားစပ်သင်တန်း (၁/၂၀၂၄/ နပတ) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၃၆)၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မွေးမြူရေးတောင်သူ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Aug 02, 2024
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ညနေပိုင်းက ကျုံးအတွင်း ဧရာဝတီမြစ်ရေရယူ၍ ဖြည့်သွင်းနေမှုနှင့် ကမ်းနားလမ်းသာယာလှပရေးစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေတို့ကို လိုက်လံကြည့်ရှုကြသည်။
Aug 02, 2024
အင်ဒိုနီးရှားသမ္မတနိုင်ငံ ဒုတိယသမ္မတဟောင်း H.E.Mr.Hamzah Haz သည် ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် ကွယ်လွန်သွားခဲ့သည့်အတွက် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စုရိပ်သာလမ်း အမှတ် (၁၀၀) ရှိ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ် မှတ်တမ်းစာအုပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည် ယနေ့ မွန်းလွဲ ၃ နာရီတွင် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးသည်။
Aug 02, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Aug 02, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တီဟီရန်မြို့၌ ဇူလိုင် ၃၀ ရက်တွင်ကျင်းပခဲ့သည့် အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံ၊ သမ္မတသစ် မစ္စတာ မာဆော့ ပါဇက်ရှ်ကီရမ် ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားသို့ပါဝင်တက်ရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် အီရန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့သည်။
Aug 02, 2024
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် FAW BESTUNE NAT E05 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BAIC ARCFOX ALPHA S နှင့် ARCFOX အမျိုးအစား လျှပ်စစ်သုံးယာဉ် အားသွင်းစက်များသည် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
Aug 02, 2024
၁။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုထားပြီးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ လသာအောက်လမ်း၊ အမှတ် (၆၃) တွင် ပါတီရုံးချုပ်တည်ရှိသော ပြည်သူ့ရှေ့ဆောင်ပါတီ (People's Pioneer Party) သည် ယင်းပါတီ၏တံဆိပ်ကို ဖော်ပြပါအတိုင်း ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြလာပါသည်။
Aug 02, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရယူပြီးသည့်နောက်ပိုင်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးလမ်းကြောင်းကို ဦးတည်ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းလျက်ရှိသော်လည်း အဖျက်သမားသောင်းကျန်းသူများက တိုင်းပြည်ပျက်စီးစေရန် တစိုက်မတ်မတ် ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။