Skip to main content

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၁၂၉) သင်တန်းဆင်း

ရန်ကုန် ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ စစ်ရေးပြကွင်း၌ အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၂၉) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ကျင်းပသည်။

ပေးအပ်ချီးမြှင့်

သင်တန်းဆင်းပွဲတွင် ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး)က သင်တန်းသားစံပြဆုကို သင်တန်းသားအမှတ်-၂၁၉ ဦးဟိန်းဇေယျာ ဒုတိယဦးစီးမှူး မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်ထဲရေးဝန်ကြီးဌာန သင်တန်းသူစံပြဆုကို သင်တန်းသူအမှတ်-၅၈ ဒေါ်ပန်းလရောင် ဒုတိယမြို့နယ် ဥပဒေအရာရှိ ကျောက်ဆည်မြို့နယ် ဥပဒေရုံး ဥပဒေရေးရာဝန်ကြီးဌာနတို့ကိုလည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။

ယင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူး/ ပါမောက္ခများ၊ သင်ကြား/စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား ၁၆၂ ဦး၊ သင်တန်းသူ ၁၉၃ ဦး စုစုပေါင်း ၃၅၅ ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ မေ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ရက်သတ္တ ၁၀ ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်