Aug 22, 2024
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ ခေတ်အဆက်ဆက်တွင် အစိုးရအဆက်ဆက်တို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ UNODC ၊ AFP ၊ DEA ၊ NNCC ၊ ONCB စသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
Aug 21, 2024
နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းရန်အကျုံးဝင်သည့် အမျိုးသမီးများစာရင်းကို တပ်မတော်က ကောက်ယူနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Aug 21, 2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာကို ဩဂုတ် ၁၉ ရက်နေ့က လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်းနှင့် ကျန်ရှိသည့်ပစ္စည်းများကို ဖျက်ဆီးသွားခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Aug 21, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 21, 2024
ချမ်းအေးသာစံမြို့နယ်၊ တောင်ကြီးမြို့နှင့် ရွှေညောင်မြို့နယ်တို့တွင် ငွေကျပ် ၂,၃၇၉ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Aug 21, 2024
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ ဩဂုတ်လ ၂၀ ရက်နေ့က လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား ၂ ဦးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Aug 21, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Ms. Ma Jia သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
Aug 21, 2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန်အတွက် မိမိတို့စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ်ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံစာအိတ်ကို ဩဂုတ်လ(၂၆)ရက် (တနင်္လာနေ့) မှစ၍ ကိုယ်တိုင်ထုတ်ယူကြရန်ဖြစ်ပါသည်။ အဆိုပါ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်ကို ဩဂုတ်လ (၂၆) ရက်မှ စက်တင်ဘာလ (၁၂) ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ) အောက်ပါတက္ကသိုလ်များတွင် လက်ခံမည်ဖြစ်ပါသည်-
Aug 21, 2024
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအတွင်း သက်ဆိုင်ရာတိရစ္ဆာန်များ၏ ခြံဝင်းလှောင်အိမ်များတွင် တင်ဆက်ပေးနေသည့် Keeper Talk အစီအစဉ်သို့ လာရောက်လေ့လာနိုင်ကြောင်း အဆိုပါတိရစ္ဆာန်ဥယျာဉ်မှ ဖိတ်ခေါ်ထားသည်။
Aug 21, 2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ”အား ဩဂုတ် ၂၃ ရက်မှ ၂၆ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အမျိုးသား ၁၅ သင်း၊ အမျိုးသမီး ၁၅ သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားကိုစိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို(အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။