Skip to main content

Aug 22, 2024

မြန်မာနိုင်ငံသည် ILO နှင့် ပူးပေါင်းကာ အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို ၂၀၀၇ ခုနှစ်မှစတင်၍ သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မှစတင်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaint Mechanism - NCM) ကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီမှ အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2024

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးစိုးကြည်၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ကော်မတီဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှဆပ်ကော်မတီ အတွင်းရေးမှူးများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2024

တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ၂၀၂၄−၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ် တိုင်းရင်းသားကျေးရွာ အဆင့်မြှင့်တင်ရေးလုပ်ငန်းများတွင် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီလုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2024

ဆီထွက်သီးနှံနေကြာနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာနဌာနခွဲ ညွှန်ကြားရေးမှူးများနှင့်တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ၊ ဆီထွက်သီးနှံ အထူးဇုန်တာဝန်ခံများနှင့် ဝါစီမံကိန်းတာဝန်ခံများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2024

ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျဖြစ်စေရန်နှင့် ခွင့်ပြုရန်ပုံငွေများကို ထိရောက်စွာအသုံးပြုနိုင်စေရန်အတွက် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ တည်ဆောက်ရေးလုပ်ငန်း စိစစ်ဆောင်ရွက်မှု သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုဝေးခန်းမ၌ကျင်းပရာ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကော်မတီဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ထမ်းအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် ဝန်ကြီးဌာနများမှ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2024

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2024

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆိုင်ရာ ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2024

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2024

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2024

ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံများအနေဖြင့် နိုင်ငံဖွံ့ဖြိုးရေး၊ စီးပွားတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများကို အစဉ်အမြဲတီထွင်ကြံဆ ကြိုးပမ်းအားထုတ်ခဲ့ကြသဖြင့် တိုးတက်သောနိုင်ငံအဖြစ် တက်လှမ်းလာနိုင်ခဲ့ကြသည်။ ဖွံ့ဖြိုးတိုးတက်မှုများကို လက်ရှိအနေအထားဖြင့် ကျေနပ်ရောင့်ရဲရပ်တန့်မနေဘဲ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်လုပ်ကိုင်နေကြသည်။

ဆက်လက်ဖတ်ရှုရန်