နေပြည်တော် ဩဂုတ် ၂
မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာမြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဩဂုတ် ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပမည့်အခြေအနေ၊ မြန်မာ့တောင်ပင်လယ်ပုလဲရတနာများ ရောင်းချနိုင်ရေးစီစဉ်ထားရှိမှုအခြေအနေ၊ ရောင်းချမည့် ပုလဲအတွဲများ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ ပြပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းကော်မတီများက ကဏ္ဍအလိုက် အသေးစိတ်ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြသည်။
အစည်းအဝေးသို့ မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်သည်။
သတင်းစဉ်