Skip to main content

အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုများကို အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရားဖြင့် ကိုင်တွယ်ဖြေရှင်းသွားမည်

နေပြည်တော် စက်တင်ဘာ ၆

မြန်မာနိုင်ငံသည် ILO နှင့်ပူးပေါင်းကာ အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုများကို ၂၀၀၇ ခုနှစ်မှစတင်၍ သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ်မှစတင်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား (National Complaint Mechanism – NCM) ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်သည့်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများမှကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေး အမျိုးသားကော်မတီက အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။

ယခုအခါ မည်သူမဆို အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်၊ ILO ဆက်သွယ်ရေးအရာရှိရုံး (ရန်ကုန်) နှင့် အခြားအဖွဲ့အစည်းများမှတစ်ဆင့်လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာန ရုံးအမှတ် (၅၁) နေပြည်တော်သို့ လူကိုယ်တိုင် (သို့မဟုတ်) စာဖြင့်လည်းကောင်း၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၁၈၄၊ ၀၆၇-၃၄၃၀၂၂၉၊ ၀၆၇- ၃၄၃၀၂၇၄ နှင့် E-mail လိပ်စာ direct-orgeneral.dol@gmail.com, moloffice 51@gmail.com, research.org.dol.mm@gmail.com များသို့လည်းကောင်း တိုင်ကြားသူနှင့် အဓမ္မခိုင်းစေခံရသူများ လုံခြုံစိတ်ချစွာဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရုံးအဖွဲ့၊ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားနှင့် အလုပ်သမားဝန်ကြီးဌာနက အသိပေး ကြေညာထားကြောင်း သိရသည်။

သတင်းစဉ်