နေပြည်တော် စက်တင်ဘာ ၉
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်၌ စိုင်းမောင်မြင့် မောင်းနှင်ပြီး အိုက်ပီး (ခ) ဆူထပ် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးကက်တမင်း သုည ဒသမ ၉ ကီလိုကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဝေါမြို့နယ် ညောင်ခါးရှည် ကျေးရွာအုပ်စု ညောင်ခါးရှည်ကျေးရွာအနီးတွင် TOYOTA PROBOX အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၃၆၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ ရဲဝင်းဆွေ (ခ) ကျော်ခိုင်အား စက်တင်ဘာ ၈ ရက် နံနက် ၁၁ နာရီတွင် လသာမြို့နယ် ကမ်းနားလမ်းနှင့် (၂၀) လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်