Skip to main content

တရားမအထူးအယူခံမှု (၆) မှုကို စီရင်ချက်ချမှတ်ပြီး တရားမအထူးအယူခံမှု (၆) မှုကို ရုံးထိုင်ကြားနာ

နေပြည်တော် စက်တင်ဘာ ၂၃

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးခင်မောင်ကြီး၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါက်တာကိုကိုနိုင်တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၃၆/၂၀၂၄ (မန္တလေး)၊ ၄၃/၂၀၂၄ (ရန်ကုန်)၊ ၄၄/၂၀၂၄ (ရန်ကုန်)၊ ၄၈/၂၀၂၄ (ရန်ကုန်)၊ ၄၉/၂၀၂၄ (မွန်)၊ ၅၁/၂၀၂၄ (ရန်ကုန်) စုစုပေါင်းတရားမအထူးအယူခံမှု (၆) မှုတို့ကို စီရင်ချက်ချမှတ်ပြီး တရားမအထူးအယူခံမှုအမှတ် ၄၁/၂၀၂၄ (ဧရာဝတီ)၊ ၅/၂၀၂၄ (ရှမ်း)၊ ၃၁/၂၀၂၄ (မန္တလေး)၊ ၅၀/၂၀၂၄ (မွန်)၊ ၅၄/၂၀၂၄ (ပဲခူး)၊ ၆၃/၂၀၂၄ (ဧရာဝတီ)၊ စုစုပေါင်း တရားမအထူးအယူခံမှု(၆)မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်