Skip to main content

Jul 04, 2024

၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ (MICC-II) ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှတက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

သမ္မာအာဇီဝဆိုသည်မှာ မှန်ကန်သောအသက်မွေးခြင်း၊ ကောင်းသောအသက် မွေးဝမ်းကျောင်းပြုခြင်းဟု တရားတော်တွင်ဆိုသည်။ ကာယဒုစရိုက် ၃ ပါး၊ ဝဇီဒုစရိုက် ၄ ပါးတို့နှင့် ကင်းလွတ်၍ မည်သူ့ကိုမျှထိခိုက်နစ်နာမှုမဖြစ်စေသော အသက်မွေးမှုကို သမ္မာအာဇီဝဟုဆိုသည်။ သမ္မာအာဇီဝသည် မဂ္ဂင်ရှစ်ပါးအမြတ်တရားတွင်ပါဝင်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းအထိပင် အထောက်အပံ့ကောင်းတစ်ခုဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို ပြည်သူများ စားသုံးနိုင်ရေးအတွက် အစားအသောက်ကွင်းဆက်တစ်လျှောက် တာဝန်ယူဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာများက မိမိတို့နှင့်သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် ကဏ္ဍခြောက်ခုကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြရာ နယ်စပ်မှတရားမဝင် အစားအသောက်တင်သွင်းမှု ထိန်းချုပ်ခြင်းလုပ်ငန်းစဉ်များ၊ တက္ကသိုလ်စားသောက်ဆိုင်များနှင့် ဧည့်ခံကျွေးမွေးရေးဝန်ဆောင်မှုလုပ်ငန်းစဉ်များ၊ အဝေးပြေးလမ်းမတစ်လျှောက်နှင့် ကားရပ်နားစခန်းများရှိ စားသောက်ဆိုင်များ၊ ဟိုတယ်၊ မိုတယ်များရှိ စားသောက်ဆိုင်များ၏ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်များ၊ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် တောရိုင်းတိရစ္ဆာန်များ၊ အင်းဆက်များ၊ ပိုးကောင်များ၏ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များ၊ အစားအသောက်စံချိန်စံညွှန်းများ ရေးဆွဲထုတ်ပြန်ခြင်းလုပ်ငန်းစဉ်များ ပါဝင်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ် (၁၅) နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၁၇) တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နီလာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ဥက္ကဋ္ဌရုံးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ ရေးဆွဲပြုစုလျက်ရှိသော အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ မဟာဗျူဟာ (၂၀၂၅-၂၀၂၉) National Immunization Strategy (NIS) (2025-2029) ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2024

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2024

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၅ ရက်နေ့ နံနက် ၇ နာရီအချိန် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တောင်စဉ်အေးစစ်ဆေးရေးစခန်းတွင် ပျဉ်းမနားဘက်မှ ရေနီဘက်သို့ ဇေယျာကျော်မောင်းနှင်ပြီး ဟိန်းကျော်မင်းလိုက်ပါလာသည့် LIGHT TRUCK မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ကြက်စာအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၂၀ ဒသမ ၁၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၄၄ သန်း သိမ်းဆည်းရမိခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ထီဗွာကျေးရွာနှင့် ကယန်းလေးကျေးရွာတို့ကို ဇွန်လ ၂၇ ရက်နေ့က လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံနေအိမ် ၁၆ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2024

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ရန်ကင်းသာစည်ကျေးရွာနှင့် နွားထိုးကြီးမြို့နယ်၊ ရွှေကြာအင်းကျေးရွာကြား၌ ဇူလိုင် ၂ ရက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မော်တော်ယာဉ် ၃ စီးဖြင့် ရောက်ရှိလာပြီး တောင်သာ- နွားထိုးကြီးသွား ကားလမ်းအတိုင်း သွားလာနေသည့် ခရီးသွားမော်တော်ယာဉ်များအား တားဆီးစစ်ဆေးပြီး မော်တော်ယာဉ် ၁၁ စီးအား လုယက်မောင်းနှင်သွားကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများက ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၃)အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၁၂)နှစ်နှင့် (၁၄)နှစ်အရွယ် ကလေး ၃ ဦး အပါအဝင် ဒေသခံပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2024

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ‌ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရှိ လူနေအိမ်ခြံဝန်းနှင့်လမ်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိပြီး နေထိုင်ရန်အခက်အခဲရှိသော အိမ်ထောင်စုအချို့အား တပ်မ(၈၈)ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးအောင်သူရနှင့်တပ်မတော်သားများ၊ နယ်မြေခံတပ်မှတပ်မတော်သားများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး  ရေကြီးနစ်မြုပ်၍ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြသော ရေဘေးသင့်အိမ်ထောင်စုများအား ယနေ့နံနက် ၁၀ နာရီခန့်တွင် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2024

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်သို့ ကျော်လွန်မြင့်တက်လာသဖြင့် မြေနိမ့်ပိုင်းရပ်ကွက်ကျေးရွာများတွင်နေထိုင်ကြသော ရေဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းက အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးချူပ်တင်မင်းလတ်၊ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဋ္ဌဦးအောင်ဇော်လတ်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဗဟိုကကြီးမှူး၍ ဒုတိယအကြိမ် ဓမ္မပူဇနိယ (တရားအလှူပွဲ) အခမ်းအနားကို ဇွန် ၃၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မိုဃ်းကောင်းစေတီတော်မြတ်ကြီးဝင်းအတွင်းရှိ အရိယာဓမ္မာရုံတော်ကြီး၌ ကျင်းပရာ ပုသိမ်မြို့ သဲအင်းဂူဝိပဿနာရိပ်သာ (ရေစွမ်း) ဆရာတော် ဘဒ္ဒန္တသီဟ (ကမ္မဌာနာစရိယ) သက်တော်ရှည် ဆရာတော်ကြီးကြွရောက်၍ တပည့်ဒါယကာ ဒါယိကာမများအား တရားရေအေးအမြိုက်ဆေး တိုက်ကျွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2024

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါ တရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ် တစ်သိန်းနှင့်အထက် အလှူရှင်များကို ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၇) ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းက မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာ ပညာရေးဒီဂရီကောလိပ်ကျောင်းနှင့် မိတ္ထီလာမြို့ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) တို့ပူးပေါင်း၍ကျင်းပသည့် “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် အစိုးရနည်းပညာ အထက်တန်းကျောင်း (မိတ္ထီလာ) အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ၊ မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ အစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2024

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ်(၁၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) မှ အာရှဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး (Regional Director) Mr. Sanjay Mathur နှင့် အဖွဲ့ဝင်နှစ်ဦးကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2024

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပပြီး ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်