Skip to main content

ဒုတိယဝန်ကြီး ဦးကိုကိုကျော် Chung-Ang University (CAU) အငြိမ်းစားဂုဏ်ထူးဆောင် ပါမောက္ခအား လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၁၀

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ကိုရီးယားသမ္မတနိုင်ငံ Chung-Ang University (CAU)၊ နိုင်ငံတကာလေ့လာရေးဘွဲ့လွန်ကျောင်း (GSIS) ကမ္ဘာလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး(FGPT)ဆိုင်ရာ CAU ဖောင်ဒေးရှင်းဥက္ကဋ္ဌ အငြိမ်းစား ဂုဏ်ထူးဆောင် ပါမောက္ခ Dr. Taehyun Kim အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ခိုင်မာရေး၊ ပညာရေးနှင့်သက်ဆိုင်ရာ ကဏ္ဍရပ်များတွင် ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ ပူးပေါင်းဖွင့်လှစ်နိုင်မည့်အခြေအနေအပါအဝင် မြန်မာသံတမန်များအတွက် ဘာသာရပ်ဆိုင်ရာ ရက်တိုသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်