Jul 15, 2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြိုစာစီစာကုံး၊ ကျပန်းစကားပြော၊ စာဖတ်စွမ်းရည်၊ ပုံပြင်ပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ပြွန်တန်ဆာမြို့အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ ဇူလိုင် ၁၃ ရက်နေ့မှ စတင်ကျင်းပပြုလုပ်ကြောင်း သိရသည်။
Jul 15, 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (China International Development Cooperation Agency-CIDCA) ၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့၌ ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယအကြိမ် အဆင့်မြင့်ညီလာခံ (Second High-Level Conference of the Forum on Global Action for Shared Development) ကို တက်ရောက်ခဲ့သည်။
Jul 15, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Jul 15, 2024
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) တို့၏ပူးပေါင်းစီစဉ်မှုဖြင့် ယနေ့တွင် ပြည်ထောင်စုနယ်မြေနေပြည်တော် တပ်ကုန်းမြို့နယ်အထက် ဆင်သေကြိုးဝိုင်းအတွင်းရှိ တောနိမ့်တောပါး တောင်ကတုံးများတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချခဲ့သည်။
Jul 15, 2024
ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် မုတ်သုံမိုးအားကောင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် မိုးသည်းထန်စွာရွာသွန်းမှု၊ မိုးရေချိန်စံချိန်တင်မြင့်မားမှုများ ဖြစ်ပေါ်လျက်ရှိသည်။ မိုးဦးကာလ ဇွန်လကုန်မှစ၍ မြန်မာနိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ဧရာဝတီမြစ်ဖျား၌ မြစ်ရေတက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ရေဝင်နစ်မြုပ်မှုများဖြစ်ပွားခဲ့ပြီး ပြည်သူများ ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့သည်။
Jul 15, 2024
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၉၅ နိုင်ငံအနက် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ ၄၅ နိုင်ငံထဲတွင် ပါဝင်လျက်ရှိသည်။ ကံမကောင်းအကြောင်းမလှကြသည့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက် နှစ်ပေါင်း ၁၀၀ ကျော် ကျရောက်ခဲ့ရသည့် သမိုင်းကြောင်းရှိခဲ့စေကာမူ နိုင်ငံ၏တည်နေရာအနေအထား၊ နိုင်ငံ၏အကျယ်အဝန်း၊ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်၊ သယံဇာတအရင်းအမြစ်များ စသည်တို့ပိုင်ဆိုင်ထားမှုများအရ ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် တက်လှမ်းသွားနိုင်လောက်သည့် အခြေအနေ၊ အလားအလာများရှိသည်။ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိနိုင်ရန်မှာ နိုင်ငံသူနိုင်ငံသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် စဉ်ဆက်မပြတ်တိုးတက်မှုရရှိအောင် ဆယ်စုနှစ် သုံးခုစာမျှ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နိုင်ကြဖို့လိုသည်။
Jul 14, 2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်ကာ ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 14, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင်သစ်လွှဲအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဦးသာညှင်းဆောင်၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jul 14, 2024
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ၁၁-၇-၂၀၂၄ ရက်မှ ၁၂-၇-၂၀၂၄ ရက်အထိကျင်းပခဲ့သော ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၄-၇-၂၀၂၄ ရက်၊ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။
Jul 14, 2024
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကိုစွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်လျက်ရှိနေခြင်းကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများဖြစ်ပေါ်သည့်အပြင် ကာယကံရှင်များ၏လူမှုဘဝများလည်း နစ်နာလျက်ရှိပါသည်။
Jul 14, 2024
၂၀၂၄-၂၀၂၅ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာရှိ တောင်သူဦးကျော်ရွှေ၏မိုးစပါး (ဆင်းသုခ) စိုက်ခင်း၌ကျင်းပသည်။
Jul 14, 2024
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ဧရာဝတီမြစ်ရေသည် စိုးရိမ်အမှတ်ကျော်လွန်၍ မြင့်တက်လာသောကြောင့် မြေနိမ့်ပိုင်း မြစ်ရေဝင်ရောက်သည့် ရပ်ကွက်များဖြစ်သော မကျီးကုန်း၊ သရက်တော၊ တရော်ကုန်း၊ စက်ရုံရပ်ကွက်များရှိ ရေဘေးသင့် အိမ်ထောင်စုများအား အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ ဦးဆောင်၍ မီးသတ်ဦးစီးဌာနနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက်ပြီး ရေဘေးရှောင်စခန်းအသီးသီးသို့ ကူညီရွှေ့ပြောင်းပေးခဲ့သည်။
Jul 14, 2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့် အိမ်ထောင်စုများအား ကူညီပြောင်းရွှေ့ပေးခြင်းကို ယမန်နေ့ ညနေအချိန်မှစ၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 14, 2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်(၂၉၀၀)စင်တီမီတာ၊ (၉၅.၀၀)ပေထိမြင့်တက်၍ ရေဝင်အိမ်ထောင်စုများအား မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူးဦးသက်ပိုင်ထွန်းဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပူးပေါင်းအဖွဲ့အစည်းများ၊ ရွှေတောင်မြို့နယ်ပရဟိတအသင်းအဖွဲ့များက ရွှေတောင်မြို့နယ်အတွင်းရှိ (ယွန်းတန်းရပ်ကွက်၊ သရက်တောရပ်ကွက်၊ ကြာနီကန်ရပ်ကွက်၊ မင်းတဲကျွန်းအုပ်စု၊ သောင်ပြင်ကုန်းအုပ်စု)များမှ ဧရာဝတီမြစ်ရေ ယနေ့ထက်မံဝင်ရောက်သည့် အိမ်ခြေ(၉၁)၊ အိမ်ထောင်စု(၁၇၀)၊ လူဦးရေ(၄၉၈)ဦးတို့အား လူအသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များ၊ အိမ်ထောင်ပရိဘောဂပစ္စည်းများကို ဘေးလွတ်ရာရေးဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့သည်။
Jul 14, 2024
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်း ခုနစ်ကျောင်း၌ မြစ်ရေများဝင်ရောက်ခဲ့သဖြင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ဇူလိုင်လ ၁၂ ရက်မှစတင်ပြီး ထပ်မံယာယီပိတ်ထားခဲ့ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Jul 14, 2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်ကျေးရွာများဖြစ်သည့် သံကိုင်းကျေးရွာ၊ သိမ်ကုန်းကျေးရွာနှင့် ကံလှကျေးရွာတို့မှ ကျွဲနွားတိရစ္ဆာန်များ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရသည့် ဒေသခံပြည်သူများအတွက် သောက်သုံးရေ အဆင်ပြေစေရန် ယနေ့နံနက် ၉ နာရီက မြို့နယ်သဘာဝဘေးအန္တရာယ်လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့က ရေသန့်နှင့် ရေသန့်ဘူးကတ်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jul 14, 2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်ပြီး စိုးရိမ်ရေအမှတ် (၁၇၀၀) စင်တီမီတာအထက်သို့ ကျော်လွန်နေပြီဖြစ်ရာ မြစ်ရေဝင်ရောက်သည့် ရပ်ကွက်များရှိ ရေဘေးသင့်အိမ်ထောင်စုဝင်များအား ကုန်းမြင့်ပိုင်းရှိ ရေဘေးရှောင်စခန်းများသို့ ရွှေ့ပြောင်းပေးနေကြောင်း မင်းဘူးမြို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
Jul 14, 2024
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုမြို့ ထုံးဘိုအုပ်စု ခတ္ထိယရပ်ကွက်အတွင်း၌ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဧရာဝတီမြစ်ရေ(၄)ပေခန့် မြင့်တက်လာမှုကြောင့် လူနေအိမ်(၆)လုံးသို့ ရေများဝင်လာပြီး စိုးရိမ်ရသည့် အခြေအနေရှိသည့်အတွက် လူများနှင့် နေအိမ်ရှိ အရေးကြီးပစ္စည်းများအား ထုံးဘိုမြို့ မြသိန်းတန်ဘုရားဝန်းအတွင်းရှိ ဘုရားတန်ဆောင်များသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
Jul 14, 2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယမန်နေ့နံနက် ၈ နာရီခွဲက ပစ္စည်းများ ကူညီပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။
Jul 14, 2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧရာဝတီမြစ်ရေသည် ယနေ့မွန်းလွဲ ၁ နာရီခွဲ အချိန်တိုင်းတာချက်အရ မြစ်ရေအမှတ် ၂၅၀၅ စင်တီမီတာရှိပြီး စိုးရိမ်ရေအမှတ် ၂၅၀၈ စင်တီမီတာ ဖြစ်သည့်အတွက် မြေနိမ့်ပိုင်းတွင် မြစ်ရေဝင်ရောက်သည့် ရပ်ကွက်များဖြစ်သော မကျီးကုန်း၊ သရက်တော၊ တရော်ကုန်း၊ စက်ရုံရပ်ကွက်များ၏ မြေနိမ့်ပိုင်းရှိ ရေဘေးသင့် အိမ်ထောင်စုများအား အန္တရာယ်ကင်းဝေးစေရန်နှင့်စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဇူလိုင် ၁၃ ရက်နေ့က ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ဦးဆောင်၍ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဇော်မင်း ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက်ခဲ့ပြီး ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့သည်။