Skip to main content

Jul 16, 2024

အမျိုးသားပြတိုက်(နေပြည်တော်)ဖွင့်လှစ်ခြင်း ၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့ရက်ကန်းလက်မှု အနုပညာအထူးပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် အဆိုပါပြတိုက်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားဝင်းအတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2024

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig နှင့်အဖွဲ့ကို ယနေ့တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2024

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2024

မျက်မှောက်ကာလတွင် အကြမ်းဖက်သောင်းကျန်းသူများက မြို့ရွာများကို တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ကြရသည်ကို တွေ့မြင်ကြားသိကြရမည်ဖြစ်သည်။ တိုက်ခိုက်ဖျက်ဆီးမှုများ မကြာခဏပြုလုပ်နေသောကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ အခက်အခဲဒုက္ခများရောက်ကြရသည်။ အဆိုပါလုပ်ရပ်များကို လက်မခံနိုင်ကြသောကြောင့် ဒေသခံပြည်သူများနှင့် အဖွဲ့အစည်းများက ကန့််ကွက်ရှုတ်ချမှုများ ပြုလုပ်ကြသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2024

လူ့အခွင့်အရေးကောင်စီ၏ (၅၆) ကြိမ်မြောက် အစည်းအဝေးကို ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်မှ ဇူလိုင်လ ၁၂ ရက်အထိ ကျင်းပခဲ့ရာတွင် မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲများဟု ခေါင်းစဉ်တပ်ထားသည့် အဓိပ္ပာယ်မဲ့စကားဝိုင်းများလည်း ပါဝင်ခဲ့သည်။ အဓိပ္ပာယ်မဲ့သည်ဟုဆိုရာတွင် ဆွေးနွေးပွဲခေါင်းစဉ်တပ်ထားသည့် သက်ဆိုင်ရာနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမပါဝင်ခြင်း၊ လူ့အခွင့်အရေးကောင်စီ၏ အခြေခံမူများနှင့်မကိုက်ညီခြင်း၊ မမှန်မကန်၊ မလိုတမာအစီရင်ခံချက်များက မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်း ဖယ်ကြဉ်စေရန် ဦးတည်ထားခြင်းနှင့် ဆွေးနွေးပွဲများကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပိုမိုရှုပ်ထွေးစေခြင်းတို့ကြောင့်ပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ ပန်းလှိုင်မြစ်ကမ်းပါးရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းနေရာသို့ရောက်ရှိရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ယမန်နှစ်ကစပြီး ၃ နှစ် စီမံချက်ချမှတ်၍ အကောင်အထည်ဖော် ပြီးစီးမှုအခြေအနေများ၊ ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ရေဘေးကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2024

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

ဆက်လက်ဖတ်ရှုရန်

Jul 15, 2024

ဂျီနီဗာမြို့တွင် ၁၈-၆-၂ဝ၂၄ ရက်မှ ၁၂-၇-၂၀၂၄ ရက်အထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၅၆)ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲများကို သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ ကျင်းပခဲ့ပြီး၊ ယင်းသည် ကောင်စီ၏ အခြေခံမူများဖြစ်သည့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစသည်တို့နှင့် သွေဖည်လျက်ရှိသည်။ လူ့အခွင့်အရေးကောင်စီသည် အစည်းအဝေးကာလအတွင်း အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)က တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကိုလည်း အတည်ပြုချမှတ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၇-၇-၂၀၂၄) ရက်နေ့၊ ည(၈:၀၀)နာရီမှ (၁၄-၇-၂၀၂၄) ရက်နေ့၊ ည(၈:၀၀)နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄၅,၄၈၇)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၄၁)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၀၉) ရာခိုင်နှုန်းဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2024

ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2024

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁) ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း (၉) ကျောင်း ယာယီပိတ်ထားရကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2024

နေပြည်တော် နည်းပညာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ၏ ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) ပေါ်ရှိ လမ်းအသုံးပြုခကောက်ခံလျက်ရှိသည့် တိုးဂိတ်များကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2024

၁။ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် နံနက် ၄ နာရီအချိန်မှ အခမ်းအနားပြီးဆုံးသည်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊ ရွှေဂုံလမ်းအား ဓမ္မစေတီ-ရွှေဂုံလမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းမှ ဦးထောင်ဘိုလမ်းအထိလည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံအထိ လည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2024

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ကျင်းပသည့် မြန်မာ-အိန္ဒိယ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2024

ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ဆန်စပါးကိုရာသီအလိုက်စိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ ယခုနှစ်မိုးရာသီ၌ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရှိ မိုးစပါးစိုက်ခင်းများ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ၍ ထိုသို့ဆောင်ရွက်ရာ၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မိုးစပါးစိုက်ဧက ၄၅၀၀၀ ကျော်အား စိုက်ပျိုးရေမပြတ် ပို့လွှတ်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်အောင်မြို့နယ်၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၅၀၄ တန်၊ အခြားသစ် ၀ ဒသမ ၂၆၅ တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်၁၅၁၀၉၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2024

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ဆည်မြောင်းနှင့်‌ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြစ်ရေတိုင်းတာရေးစခန်းမှ တိုင်းတာချက်အရ မိုးညိုမြို့နယ်၏ ဧရာဝတီမြစ်ရေမှာ(၅၇.ဝ၅)ပေ၊ (၁၇၃၉)စင်တီမီတာဖြစ်ပြီး မိုးညိုမြို့နယ်၏ စိုးရိမ်ရေအမှတ်(၅၄.၁၀)ပေ (၁၆၄၉)စင်တီမီတာအထက် (၂.၉၅)ပေ၊ (၈၉၉)စင်တီမီတာသို့ ရောက်ရှိလာသဖြင့် မိုးညိုမြို့၏ ဧရာဝတီမြစ်ကမ်းဘေးအနိမ့်ပိုင်းရှိ ကျေးရွာအုပ်စု(၂၀)အုပ်စု၊ ကျေးရွာခွဲ(၇၇)ရွာ၊ အိမ်ခြေ(၈၇၄၀)အိမ်သို့ ပျမ်းမျှမြစ်ရေအမြင့်(၁.၅)ပေခန့် ယမန်နေ့က ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2024

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု စာပဒေသာပထမဆုရရှိသည့် စာရေးဆရာနေဇင် (ပေါက်ခေါင်း) ၏ “မြောက်ပိုင်းဒေသ ဘဝမှတ်တမ်း” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်