Jul 29, 2024
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယမန်နေ့နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်များအရ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၅၁ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၀၁၈ ခုနှစ်တွင် အများဆုံးမြင့်တက်ခဲ့ သော ၉၃၈ စင်တီမီတာအထက်ကျော်လွန်၍ စံချိန်တင်မြင့်တက်ခဲ့ရာ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအား လိုအပ်သည့်ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
Jul 29, 2024
ကမ္ဘောဒီးယားနိုင်ငံတွင် ဇူလိုင် ၂၂ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ သည့် 10th ASEAN + 3 Junior Science Odyssey ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်တစ်ခုရရှိခဲ့သော မြန်မာနိုင်ငံကိုယ်စားပြုလူငယ်အဖွဲ့သည် ဇူလိုင် ၂၇ ရက် ညနေပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ အင်းစိန်မှ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသား ကျောင်းသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
Jul 29, 2024
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းထုတ်လွှင့်မှုကို ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစပြီး ဇူလိုင်လ ၃၁ ရက်နေ့အထိ နေ့စဉ်နံနက်(၆:၀၀)နာရီမှစပြီး၊ ရှမ်း ၊ '၀' ၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်ဘာသာ အစီအစဉ်များကိုည (၂၃:၀၀)နာရီအထိ ထုတ်လွှင့်လျက်ရှိပါသည်။
Jul 29, 2024
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ဇူလိုင်၂၅ ရက်နှင့်၂၆ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ၊ ကျောက်ကြီးချောင်း ရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့ရေဝင်သဖြင့် ဒေသခံပြည်သူများ ယာယီပြောင်းရွှေ့နေထိုင်ရကြောင်း သိရသည်။
Jul 29, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့ရှိ ၆၆/၁၁ ကေဗွီ (၂၀) အမ်ဗွီအေ ညောင်ပင်ဈေးဓာတ်အားခွဲရုံသို့ရောက်ရှိပြီး ဆွိယာဒ်အတွင်း ဓာတ်အားလွှတ်ပစ္စည်းများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
Jul 29, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Jul 29, 2024
စင်ကာပူသမ္မတနိုင်ငံ Swissotel The Stamford ဟိုတယ်၌ ဇူလိူင် ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်သည့် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၆) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် (၂၃)ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်(အငြိမ်းစား) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ည ၁၀ နာရီက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည်။
Jul 29, 2024
ပဲခူးမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာအထက် ၉၇စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေသောကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများသို့ ရေများဝင်ရောက်လျက်ရှိသည့်အပြင် ပဲခူးမြို့တွင်း ရန်ကုန်-မန္တလေး ကားလမ်းမပေါ်သို့ ရေကျော်လျက်ရှိသည်။
Jul 29, 2024
မျက်မှောက်ကာလ၌ ကမ္ဘာတစ်လွှားတွင် နည်းပညာများ တိုးတက်ထွန်းကားလာရာ လူမှုစီးပွားဘဝကောင်းကျိုးဖြစ်ထွန်းမှုများနှင့်အတူ ဆက်သွယ်ရေးနည်းပညာ ကိုအသုံးပြု၍ ဒုစရိုက်မှုအမျိုးမျိုး ပေါ်ပေါက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ယေဘုယျအားဖြင့် အွန်လိုင်းပေါ်၌ ငွေကြေးလိမ်လည်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှု၊ အလုပ်အကိုင်လိမ်လည်မှု၊ အချစ်ရေးလိမ်လည်မှု၊ ကံစမ်းမဲလိမ်လည်မှုနှင့် လူကုန်ကူးမှုများ အများဆုံးဖြစ်ပွားလေ့ရှိသည်။
Jul 29, 2024
မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့်ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် သတိပေးကြေညာခဲ့ခြင်းများရှိခဲ့သလို လိုက်နာမှုမရှိခြင်းကြောင့် ဥပဒေနှင့်အညီ အရေးယူခြင်းများလည်းရှိခဲ့သည်။
Jul 28, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်တို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အင်တောကျေးရွာ ၈ လက်မစက်ရေတွင်းတူးဖော်မှု၊ ဆည်ပေါက်ရှိ စက်ရေတွင်းများတူးဖော်ရန်လျာထားမှု၊ မြို့ရေပေးဝေမှု၊ ကျောက်ပန်းတောင်းမြို့၏ အနောက်မြောက်ဘက် (၆)မိုင်ခန့်အကွာရှိ ကျွန်းခင်းကြီးရေလှောင်တမံအမှတ် (၂) (အလျား ၂၇၀၀ပေ၊ အမြင့် ၇၀ ပေ) တည်ဆောက်ရန်လျာထားမှ အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့ရေပေးဝေရေး၊ ပိုက်လိုင်းများ ပြန်လည်သွယ်တန်းနိုင်ရေး Plan ရေးဆွဲဆောင်ရွက်ရန်၊ မြို့နေလူထုအနေဖြင့်လည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးရန်နှင့် တည်ဆောက်ဆဲကျွန်းခင်းကြီး ရေလှောင်တမံတွင် ဂါလန် (၁) သိန်း ဆံ့ ကန်ကို တည်ဆောက်၍ ဆိုလာစနစ်ဖြင့် ရေစုပ်ယူရန်နှင့် ကျောက်ပန်းတောင်းမြို့ ရေပေးဝေရေးဆောင်ရွက်ရန် မှာကြားသည်။
Jul 28, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်ပါ ဆောင်ရွက်ထားရှိမှုများနှင့် ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Jul 28, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာမိုဟာမက်ဘက်ဂါဂါလီဘာ့ဖ်၏ ဖိတ်ကြားချက်အရ တီဟီရန်မြို့၌ ကျင်းပပြုလုပ်မည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် မစ္စတာမာဆော့ ပါဇက်ရှ်ကီရမ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား (Swearing-in Ceremony) သို့ ပါဝင်တက်ရောက်ရန် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် မန္တလေးမြို့မှ လေကြောင်းခရီးဖြင့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသို့ ထွက်ခွာခဲ့သည်။ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
Jul 28, 2024
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေချောင်း ရေများ မြင့်တက်လာပြီး အနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာကာ ဆက်လက်နေထိုင်ရန်မသင့်တော် တော့သည့်အတွက် ယာယီရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ရာ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအား သွားရောက် တွေ့ဆုံအားပေး၍ စားသောက်ကုန်ပစ္စည်းများနှင့်ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
Jul 28, 2024
လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ(သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့ အပေါ်အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာ ဝေဖန်သည့်(သို့မဟုတ်) မလိုမုန်းထားမှုကို ဖော်ပြသည့် ဆက်ဆံမှုတစ်မျိုးမျိုးကို ရည်ညွှန်းပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။
Jul 28, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 28, 2024
တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် ဦးဆောင်သော နိုင်ငံရေးပါတီလေးပါတီမှ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Jul 28, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ယနေ့နံနက်ပိုင်းတွင် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ရေနံချောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူ ၈၆၃ ဦးအတွက် ဆန်ရိက္ခာဖိုးနှင့် ရေနံချောင်းမြို့နယ် မိန်းမလှကျွန်းကျေးရွာနှင့် မန်မြေရွာသစ်ကျေးရွာ ကမ်းပါးပြိုဘေးသင့် အိမ်ခြေ ၅၅ လုံးအတွက် ထောက်ပံ့ငွေများပေးအပ်သည်။
Jul 28, 2024
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jul 28, 2024
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။