Skip to main content

Jul 30, 2024

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်နေ အောင်ဇော်ဦး (ခ) ကြွက်နီနှင့် မြောင်းမြမြို့နေ ဇော်နိုင်တို့က လပွတ္တာမြို့နယ်နေ ဦး -----၊ ၃၄/၂၀၂၃ နှစ်အား မြောင်းမြမြို့ရှိ ပေါင်မုန့်စက်ရုံတွင် အလုပ်အပ်ပေးမည်ဟု လိမ်လည်ပြောဆိုကာ ဖျာပုံမြို့နယ် နောက်မီးကျေးရွာမှ လူဝကြီး (ခ) သန်းနိုင် ထံတွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရန် ကျားဖောင်ပေါ်သို့ ပို့ဆောင်ပြီး လုပ်အားခငွေကျပ် ၇၅၀၀၀၀ အား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ကန်ဘက်နယ်မြေရဲစခန်း (ပ) ၇၃/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ရာ လပွတ္တာခရိုင်တရားရုံးက ယနေ့တွင် တရားခံ အောင်ဇော်ဦး (ခ) ကြွက်နီနှင့် ဇော်နိုင်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၁-၇-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၇-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃၁,၇၁၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၀) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၀၆) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည့်တိုင် မြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် သက်ဆိုင်ရာသံရုံးများချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးတာများ ရေတိုက်စားကမ်းပြိုမှု ကာကွယ်ထိန်းသိမ်းရန် အစီအမံများနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

စားရေရိက္ခာ ဖူလုံပိုလျှံစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် လယ်ယာလုပ်ငန်းခွင်တွင် အရည်အသွေးကောင်းမွန်ပြည့်ဝသည့် စိုက်ပျိုးရေးသွင်းအားစုများကို တောင်သူများ စနစ်တကျအသုံးပြုနိုင်စေရေးအတွက် ဓာတ်မြေဩဇာ မှတ်ပုံတင်လျှောက်ထားခြင်း၊ တင်းသွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း ဆိုင်ရာလုပ်ငန်းများအပေါ် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းကျောင်းကြပ်မတ်လျက်ရှိရာတွင် မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့က လိုအပ်သော နည်းပညာဆိုင်ရာအချက်အလက်များ စိစစ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မြေဩဇာများ၏ အရည်အသွေးပြည့်မီမှုရှိ မရှိ OGA Approval ပေးခြင်းကိစ္စရပ်များကိုလည်း အကောက်ခွန်ဦးစီးဌာန၏ MACCS System နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

ကရင်ပြည်နယ် ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယနေ့နံနက် ၁၁ နာရီခွဲ တိုင်းတာချက်များအရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၉၄၂ စင်တီမီတာတွင် ဆက်လက်တည်ရှိနေရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

ငါးလုပ်ငန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ) ကျောင်းမှ ကျောင်းသား ကျောင်းသူများအား အခြေခံ ငါးမွေးမြူရေးနှင့် ငါးဆေးထိုး သားဖောက်ခြင်းအား စာတွေ့လက်တွေ့ သိရှိနိုင်ရေးအတွက် ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက အုတ်ဖိုငါးလုပ်ငန်းစခန်းတွင် အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်ခြင်းသင်တန်းကို ဖွင့်လှစ်ပို့ချပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား  သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

မြန်မာနိုင်ငံတွင် ယခုနှစ်မိုးရာသီကာလ ဇွန်၊ ဇူလိုင်လများသည် ယခင်နှစ်များထက်ပိုမို၍ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မိုးရွာသွန်းမှုများနေသည်ကို တွေ့ရမည်ဖြစ်သည်။ ယခုဇူလိုင်လ တတိယပတ်နှင့် စတုတ္ထပတ်တွင် နိုင်ငံတစ်ဝန်းလုံး မိုးပိုမိုလွန်ကဲပြီး သည်းထန်စွာရွာသွန်းလျက်ရှိသည်။ အနောက်တောင်မုတ်သုံမိုး အားကောင်းနေသည့်အချိန်အခါတွင် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းများကလည်း တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေသောကြောင့် မိုးအဆက်မပြတ်ဘဲ ရွာသွန်းမှုအားကောင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2024

ပြည်သူတို့၏ နေ့စဉ်လူမှုဘဝများ လုံခြုံရေး၊ ရပ်ရွာများ အေးချမ်းသာယာရေးတို့အတွက် တရားဥပဒေစိုးမိုးရန် လွန်စွာအရေးကြီးသည်။ ဤနေရာတွင် တရားဥပဒေစိုးမိုးရေးသည် မှုခင်းကျဆင်းရေးပင်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု အားကောင်းလေလေ မှုခင်းများ လျော့နည်းကျဆင်းလေလေဖြစ်သည်။ ပြောင်းပြန်ရလဒ်အားဖြင့်မူ တရားဥပဒေစိုးမိုးမှု အားနည်းလေလေ အမှုအခင်း များပြားလေလေဖြစ်ပြီး လူ့အဖွဲ့အစည်း၏ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာစေသည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2024

လက်ရှိမိုးရာသီကာအတွင်း ဇူလိုင်လ ၂၇ ရက်နေ့မှစ၍ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့အတွင်း၌ မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး ရေကြီးရေလျှံမှုများကြောင့် မြန်မာ့မီးရထား၏ ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ ပဲခူးဘူတာနှင့် ဘုရားကြီးဘူတာအကြားနှင့် ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ ပဲခူးဘူတာ-ကလိဘူတာအကြားတို့တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်-ဟင်္သာတ-ကြံခင်းရထားလမ်းပိုင်းအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီး ထောင့်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့အတွင်း နေရာအချို့တွင်လည်းကောင်း ရထားသံလမ်းအပေါ်သို့ ရေကျော်တက်နေခြင်း၊ ရထားတံတားအချို့၏ ရေလည်တိုင်နှင့် ကမ်းကပ်ခုံများ ရေတိုက်စားခံရခြင်းတို့ ကြုံတွေ့ရလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2024

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းအတွက် ရုံးသုံးအထောက်အကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဒွေးမယ်နော်အဆောင်၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များ၊  ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2024

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့် (၉၇) နှစ်မြောက်အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2024

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်

ဆက်လက်ဖတ်ရှုရန်

Jul 29, 2024

ကရင်ပြည်နယ် ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယနေ့နံနက် ၆ နာရီခွဲ တိုင်းတာချက်များအရ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၅၁ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၀၁၈ ခုနှစ်တွင် အများဆုံးမြင့်တက်ခဲ့သော ၉၃၈ စင်တီမီတာအထက် ကျော်လွန်၍ စံချိန်တင်မြင့်တက်ခဲ့ရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအား လိုအပ် သည့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရှိ အမှတ်(၇)အထည်စက်ရုံ (မြစ်သား)သို့ ရောက်ရှိပြီး ဈေးကွက်ဝင်ချည်များ ထုတ်လုပ်နေမှုလုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၌ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်ပါ ဆောင်ရွက်ထားရှိမှုများနှင့် ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင်ထိန်းသိမ်းခြင်း အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2024

ယနေ့မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၉ ဒသမ ၃၇ ပေ (၁၂၀၀ စင်တီမီတာ)အထက်သို့ ပေဝက်ကျော်ခန့်(၂၁ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။

ဆက်လက်ဖတ်ရှုရန်