Aug 01, 2024
Naypyitaw State Academy သို့ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (China Foundation for Rural Develop-ment- CFRD) က သုံးဖက်မြင်သင်ကြားရေး Smart Boards များ လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါ Academy ၌ ကျင်းပသည်။
Aug 01, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး မစ္စတာ အလက်စ်ဇန်းဒါးဆာဂီးဗစ်ရှ် ရှတီရော့ဗ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Aug 01, 2024
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Aug 01, 2024
ဇူလိုင်လလယ်ခန့်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် သီလဝါဆိပ်ကမ်းဒေသရှိ Terminal များ၏ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများ အနည်းငယ်နှောင့်နှေးကြန့်ကြာခြင်း၊ သယ်ယူပို့ဆောင်ရာတွင်လည်း လမ်းခရီးအခြေအနေများအရ အချို့ဒေသများသို့ ဆီတင်ယာဉ်ရောက်ရှိရန် အချိန်အနည်းငယ်ကြန့်ကြာခြင်းတို့ကြောင့် အရောင်းဆိုင်အချို့တွင် ဆီတင်ယာဉ်မရောက်မီ စက်သုံးဆီအမယ်အချို့ ယာယီပြတ်လပ်မှုမဖြစ်ပေါ်စေရေး စနစ်တကျစိစစ်ထိန်းသိမ်းရောင်းချစေလျက်ရှိသည့်အပြင် လိုအပ်ပါက Urgent အစီအစဉ်ဖြင့် ဖြည့်တင်းပေးခြင်း၊ ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်သိမ်းထားသော အရောင်းဆိုင်များသို့ ပေးပို့နေသည့် စက်သုံးဆီများအား လိုအပ်သည့် အရောင်းဆိုင်များသို့ ရွှေ့ပြောင်းချယူစေခြင်းများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။
Aug 01, 2024
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများ နေထိုင်သည့်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PNO အဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်မောင်းထုတ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Aug 01, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ ရပ်ကွက်များအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်မှုကြောင့် သိမ်ဇရပ်ရွာ လေးရပ်ကွက် (၇) လမ်းတွင် နေထိုင်သည့် ကိုယ်ဝန်လေးလလွယ်ထားရသည့် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားကိုးဦးသေဆုံးဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။
Aug 01, 2024
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက သဘာဝကွပ်ကဲမှုရုံး၌ တိုင်းဒေသကြီး သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီများနှင့် တွေ့ဆုံဆွေးနွေးသည်။
Aug 01, 2024
ဒေသဆိုင်ရာ အညွှန်းမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ (မူကြမ်း)၊ လျှောက်လွှာပုံစံများ (မူကြမ်း) တို့နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Virtual စနစ် ဖြင့် ကျင်းပသည်။
Aug 01, 2024
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 01, 2024
ခရီးသွားစစ်တမ်းများ စတင်ကောက်ယူခြင်းဖွင့်ပွဲအခမ်းအနားနှင့် ပြည်ဝင်ခရီးသွားစစ်တမ်း(ပထမအကြိမ်)အတွက် အွန်လိုင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
Aug 01, 2024
ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန် (သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင် အရာရှိများအဖြစ် တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ MICC-II ၌ ကျင်းပသည်။
Aug 01, 2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီ (ဒုတိယအကြိမ်) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း၌ ကျင်းပသည်။
Aug 01, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အတွက် လက်ငင်းဦးစားပေးဆောင်ရွက်နေသည့် လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
Aug 01, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး (စာရေးဆရာ မောင်အောင်) က ပြန်ကြားရေးဝန်ကြီးဌာနရှိ ရုံးစာကြည့်တိုက်များနှင့် စာကြည့်တိုက်ကော်မတီအတွက် စာအုပ်များပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 01, 2024
အာဆီယံဒေသတွင်း ဆေးလိပ်ငွေ့ကင်းစင်စေရန် ရည်ရွယ်၍ အရှေ့တောင်အာရှ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးမိတ်ဖက်အဖွဲ့ (South East Asia Tobacco Control Alliance) နှင့် အာဆီယံအတွင်းရေးမှူးအဖွဲ့ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆု (ASEAN Smoke Free Award) အစီအစဉ်ကို ၂၀၂၂ ခုနှစ် မေ ၁၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပဆောင်ရွက်ခဲ့သော (၁၅) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးတွင် စတင်မိတ်ဆက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့သည်။
Aug 01, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားသည်။
Aug 01, 2024
အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ မိုဟာမက်ဘက်ဂါဂါလီဘာ့ဖ်၏ ဖိတ်ကြားချက်အရ အီရန်နိုင်ငံ၌ ရောက်ရှိနေသော ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယမန်နေ့က တီဟီရန်မြို့ရှိ အီရန်လွှတ်တော်၌ ကျင်းပသည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတသစ် မစ္စတာမာဆော့ပါဇက်ရှ်ကီရမ်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်သည်။
Aug 01, 2024
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံများက ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုကြီးစွာပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး”ဦးတည်ချက်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။
Aug 01, 2024
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ရပ်ကွက်များအတွင်းသို့ ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်ညပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူတို့က လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခဲ့ကြသဖြင့် အပြစ်မဲ့ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ပစ်ခတ်သူတို့မှာ KNDF/KNPP/PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများဖြစ်ပြီး လွိုင်ကော်မြို့၏ ရပ်ကွက်အစိတ်အပိုင်းအချို့တွင် အချိန်ကာလအခိုက်အတန့်မျှ ဝင်ရောက်ခိုအောင်းခဲ့ကြသူများလည်း ဖြစ်သည်။
Jul 31, 2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းနှင့် စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ မိသားစုဝင် သား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခြင်းနှင့် တက္ကသိုလ်တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ပေးအပ်ခြင်းများကို ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ရှိ သတ်မှတ်နေရာ အသီးသီး၌ ပြုလုပ်ကြရာ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။