နေပြည်တော် ဖေဖော်ဝါရီ ၁၃
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System - CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင်ကျွန်း ၂၀ ဒသမ ၂၁၉၂ တန်၊ သစ်မာ ၃၃ ဒသမ ၀၈၉၂ တန်၊ အခြား ၉၁ ဒသမ ၄၉၀၁ တန် စုစုပေါင်း ၁၄၄ ဒသမ ၇၉၈၅ တန်၊ ယာဉ်/ ယန္တရား ၁၆ စီး၊ တရားခံ ၂၀ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်