Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကာယပညာနှင့်အားကစားနည်းပြ (မွမ်းမံ) သင်တန်း အမှတ်စဉ် (၂) မှ သင်တန်းသား သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဖေဖော်ဝါရီ ၁၄

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဂျူဒို အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့်အဖွဲ့အား နေပြည်တော် ရုံးအမှတ် (၃၁) ရှိ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

တွေ့ဆုံစဉ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းက ဂျူဒိုအားကစားနည်း တိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ဖွင့်လှစ်လျက်ရှိသည့် ၂၀၂၅ ခုနှစ်၊ ကာယပညာနှင့် အားကစားနည်းပြ (မွမ်းမံ) သင်တန်း အမှတ်စဉ် (၂) မှ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

လေ့လာဆည်းပူးနေရန်လို

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် အားကစားနှင့်လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မူဝါဒများ၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားတွင် တာဝန်ယူဆောင်ရွက်ကြမည့် နည်းပြများအနေဖြင့် ကိုယ်ရည်ကိုယ်သွေးများ ပိုမိုတိုးတက်အောင် အမြဲတမ်း လေ့လာဆည်းပူးနေရန်လိုကြောင်း၊ အားကစားနည်းပြများအနေဖြင့် BMI (Body Mass Index) ကို ဂရုစိုက်၍ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန် နေ့စဉ်ကိုယ်လက် လှုပ်ရှားမှုများပြုလုပ်ပြီး မိမိတပည့်များ အတုယူလေးစားထိုက်သည့် နည်းပြဆရာများဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် သင်ခန်းစာများအတိုင်း မိမိတို့တာဝန်ကျရာဒေသများတွင် ပြန်လည်အသုံးချ၍ လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်