ပြည် ဖေဖော်ဝါရီ ၁၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ခရိုင်လမ်းဦးစီးဌာန ရိပ်သာခန်းမ၌ ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
စနစ်တကျကြိုးပမ်းဆောင်ရွက်
ထိုသို့တွေ့ဆုံစဉ် ကော်မရှင်အဖွဲ့ဝင်က မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ အောင်မြင်ရေး သက်ဆိုင်ရာဌာနများပူးပေါင်းပြီး စနစ်တကျကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ခရိုင်ရွေးကောက်ပွဲအရာရှိနှင့် တာဝန်ရှိသူများက လူဦးရေစာရင်း စတုတ္ထမူကြမ်း၊ ပဉ္စမမူကြမ်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြကြရာ တင်ပြမှုများအပေါ် ကော်မရှင်အဖွဲ့ဝင်က ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်