Skip to main content

Nov 17, 2021

"Knowledge is Power ဗဟုသုတဟူ သည်”ဟူ၍ ၁၆ ရာစုအတွင်းက အင်္ဂလိပ်စာရေးဆရာ ဆာဖရန်စစ် ဘေကွန်က ရေးခဲ့သည်။ ဗဟုသုတနှင့်ပြည့်စုံသူသည်သာ တန်ခိုး စွမ်းအားပြည့်စုံသူ၊ စွမ်းဆောင်ရည်ကောင်းသူဖြစ်နိုင်သည်။ ဗဟုသုတ များပြားလေလေ၊ စွမ်းအားနှင့်ပြည့်စုံ လေလေဖြစ် သည်။ ဆန့်ကျင် ဘက်အားဖြင့်မူ ဗဟုသုတကင်းမဲ့လေလေ၊ ဆင်ခြင်သိမြင်မှုလည်း အားနည်းလေလေ၊ အမှားအယွင်းနှင့် အဖျင်းများလေလေပင် ဖြစ်သည်။ သုတဟုဆိုသော အကြား၊ အမြင်နည်းပါးသူ၊ မသိသူမှာ အမှောင်ထဲတွင် စမ်းတဝါးဝါးလမ်းလျှောက်ရသည့်နှယ်ပင် ဘဝခရီး တွင် အန္တရာယ်ကြီး လှသည်။ မသိခြင်းသည် အဝိဇ္ဇာပင်ဖြစ်သည်။ မသိသူမဖြစ်စေဖို့ ငယ်စဉ်အခါတွင် ပညာသင်ကြရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2021

နိုင်ငံတကာနှင့် အွန်လိုင်းမျက်နှာစာများ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ၈ရက်နေ့ တွင် ပြုလုပ်သည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်သည့်ရွေးကောက်ပွဲ ဖြစ်ကြောင်း ရေးသား ဖော်ပြနေသည်ကို တွေ့ရသည်။ ယနေ့မြန်မာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်သည် ရွေးကောက်ပွဲမဲမသမာမှုကို အကြောင်းပြု၍ ဖြစ်ပေါ်လာ သည့်အခြေအနေဖြစ်သည်။ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် အရေးကြီးသည့်ကိစ္စ သည် ခိုင်မာတိကျသည့် အချက်အလက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ကို သတိ ပြုသင့်ပေသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -

ဆက်လက်ဖတ်ရှုရန်

Nov 16, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ မြဝတီနှင့် ချင်းရွှေ ဟော် ကုန်သွယ်ရေးစခန်း (၂) ခုတို့မှ တင်သွင်းရာ၌ကုမ္ပဏီ(၂)ခုမှ ယာဉ်စီးရေ (၅)စီးဖြင့် အောက်ဆီဂျင်(အရည်) Bowserယာဉ် (၁) စီးဖြင့် တန် (၂၀)၊ အောက်ဆီဂျင်(Plant) (၆)ခု နှင့် နှာခေါင်းစည်း (Mask) (၃၇) တန်တို့ကိုတင်သွင်းခဲ့သည်။ အောက်ဆီဂျင်(အရည်) Bowser ယာဉ်(၁)စီးမှာ မြဝတီစခန်းမှ ရန်ကုန်မြို့သို့ဖြစ်ပြီး အောက်ဆီဂျင်(Plant)(၆)ခုမှာ ဆိပ်ကမ်း မှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2021

တနင်္သာရီတိုင်းဒေသကြီး၏ ဆီအုန်းစိုက် ဧက(၄)သိန်းကို အပြည့်အဝ ဆီသီးခိုင်ထွက် ရှိရန် အပင်အိုများနေရာတွင် အထွက်နှုန်းမြင့်မားသော မျိုးကောင်းမျိုးသန့်များ ပြန်လည် အစားထိုး စိုက်ပျိုးရေးနှင့် အခြေအနေပေးသည့် နေရာဒေသများတွင် တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းများကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နိုဝင်ဘာ ၁၅ ရက်တွင် တနင်္သာရီတိုင်း ဒေသကြီးရှိ ဆီအုန်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2021

• ၂၁ ရာစုဟာ ယှဉ်ပြိုင်မှုကြီးမားတဲ့ခေတ်မှာ ကျွမ်းကျင်လူ့စွမ်းအားအရင်းအမြစ် ရှားပါးခြင်း။ စီမံ ခန့်ခွဲကြီးကြပ်မှုစွမ်းရည်မှာ အကန့်အသတ်ရှိနေခြင်း၊ ရုံးအဖွဲ့အစည်းများမှာပင် စီမံခန့်ခွဲနိုင်စွမ်းအား နည်းနေခြင်း။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2021

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၊ အမရပူရမြို့နယ် တောင်သမန်အင်းနေရာဝန်းကျင်တွင် တောင်သမန် သစ္စာကျေးလက်အပန်းဖြေစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမဆောင်၌ ကိုဗစ် - ၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2021

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ငွေဆောင်ကမ်းခြေ ယမုံနာဦးဟိုတယ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသော ငွေဆောင်ကမ်းခြေ ခရီးသွားရာသီဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2021

ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်း အနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် Virtual Platform ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်းကြမ်းမြို့နယ်၊ ကြူစီပါကျေးရွာအနီး၌ လုံခြုံရေးအဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နိုဝင်ဘာ ၁၄ ရက် ည ၉ နာရီခွဲခန့်တွင် ကြူစီပါကျေးရွာဘက်မှ စေခေါက်ကျေးရွာဘက်သို့ မောင်းနှင် လာသည့် Vigo Hilux အမျိုးအစား မော်တော်ယာဉ်အမှတ် KK/A---- အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရန် အချက်ပြရပ်တန့်စေခဲ့ရာ ရပ်တန့်ခြင်း မရှိသဖြင့် လက်နက်ငယ်ဖြင့် ၃ ချက် ခြောက်လှန့်ပစ်ခတ်ခဲ့ရသည်။ ထို့သို့ ခြောက်လှန့်ပစ်ခတ်သည့်တိုင် မော်တော်ယာဉ်မှာ ရပ်တန့်ခြင်းမရှိဘဲ လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်မံပစ်ခတ်တားဆီးခဲ့ရာမှ မော်တော်ယာဉ်မှာ ရပ်တန့်သွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်