နိုင်ငံတကာနှင့် အွန်လိုင်းမျက်နှာစာများ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ၈ရက်နေ့ တွင် ပြုလုပ်သည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်သည့်ရွေးကောက်ပွဲ ဖြစ်ကြောင်း ရေးသား ဖော်ပြနေသည်ကို တွေ့ရသည်။ ယနေ့မြန်မာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်သည် ရွေးကောက်ပွဲမဲမသမာမှုကို အကြောင်းပြု၍ ဖြစ်ပေါ်လာ သည့်အခြေအနေဖြစ်သည်။ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် အရေးကြီးသည့်ကိစ္စ သည် ခိုင်မာတိကျသည့် အချက်အလက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ကို သတိ ပြုသင့်ပေသည်။
ပကတိဖြစ်စဉ်မှန်ကို ဆန္ဒစွဲ၊ ပုဂ္ဂိုလ်စွဲမပါဘဲ သေချာလေ့လာဆန်းစစ် ကြည့်လျှင်အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။ နိုဝင်ဘာလ ၈ ရက်နေ့ တွင် လွတ်လပ်စွာဆန္ဒမဲပေးခဲ့ကြရာ၌ မဲစာရင်းများနှင့်ပတ်သက်၍ လိုအပ်သည့် ပြန်လည်စိစစ်မှုများကို ဆောင်ရွက်သောအခါ ကြိုတင်ဆန္ဒမဲပေးရာတွင် မဲမသမာမှု များစွာတွေ့ရ သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒမဲများကို စိစစ်သောအခါ တွင် မဲစာရင်း ၁၁ သန်းကျော် မှားယွင်းနေကြောင်း တွေ့ရသည်။ ၎င်းကိစ္စတို့နှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ အကြိမ်ကြိမ်အသိပေး အကြောင်းကြားပြီး ဖြေရှင်းပေး ရန် တင်ပြသော်လည်း မသိကျိုးကျွန်ပြုခဲ့သည်မှာ မရိုးသားမှုပေါ်လွင်နေသည်။
ကျင်းပခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စအားလုံးနှင့်ပတ်သက်၍ ပြဋ္ဌာန်း ထားသောဥပဒေများနှင့် ညီညွတ်ရန်လို အပ်ပေသည်။ ဥပဒေများနှင့် မချင့်ချိန်ဘဲ တစ်ရက်တည်းကျင်းပသည့် ရွေးကောက်ပွဲရလဒ်ကို သာကြည့်လျှင် တစ်ဖက်စောင်းနင်းဖြစ်နိုင်သည်။ ရွေးကောက်ပွဲရလဒ်ကို ရွေးကောက်ပွဲအကြိုကာလ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲလွန်ကာလများအား ဥပဒေနှင့်လျော်ညီစွာ အားလုံးပေါင်းခြုံ အသေးစိတ်ကြည့်ရှုပြီး လွတ်လပ်သော ရွေးကောက်ပွဲ ဖြစ်မဖြစ် ဆုံးဖြတ်မှသာ တော်တည့်မှန်ကန်ပေလိမ့်မည်။ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ဒီမိုကရေစီရွေး ကောက်ပွဲတိုင်းတွင် ရွေးကောက်ပွဲဥပဒေနှင့် မညီညွတ်မှုများ၊ မဲမသမာမှုများ အနည်းနှင့်အများရှိ တတ်သော်လည်း ရွေးကောက်ပွဲသမိုင်းတွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲသည် ရည်ရွယ်ချက်ရှိရှိ မရိုးမသားကြံ စည်ခဲ့သော ရွေးကောက်ပွဲဖြစ်နေသည်ကို တွေ့ရသည်။ “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှု၊ တရားမဲ့ပြုကျင့်ခဲ့မှုများအပေါ် စုံစမ်းစစ်ဆေး ပြီးပြည်သူများအား တိတိကျကျ မှန်မှန်ကန်ကန် အသိပေးထုတ်ပြန်ပေးလျက်ရှိသည်။ နိုင်ငံတကာအနေဖြင့်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ စုံစမ်းစိစစ်မှုများကို လေ့လာအကဲခတ်သင့်သည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုဝင်ဘာလ ၁၅ ရက် နေ့က စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်၍ ကျူးလွန် ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များသည် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ရာတွင် တည်ဆဲဥပဒေများ၌ပါရှိသော ပြဋ္ဌာန်း ချက်များကို လျော်ကန်သင့်မြတ်သောခွင့်ပြုချက်မရှိဘဲ မရိုးဖြောင့်သော သဘောဖြင့် ဆန့်ကျင်ခြင်းပြစ်မှုကို ကျူးလွန်ခြင်း၊ ယင်းပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီ ခြင်း၊ တပ်မဲရုံကိစ္စများနှင့်ပတ်သက်၍ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများမှတာဝန် ရှိသူများက တည်ဆဲဥပဒေနှင့်အညီ အလုပ် ဝတ္တရားများ ဆောင်ရွက်နေသည်ကို မိမိဆန္ဒအလျောက် ဟန့်တားမှုကိုကျူးလွန်ခြင်းနှင့် နစ်နာစေရန် ခြိမ်းခြောက် ပြောဆိုခြင်း၊ အသက် (၆၀) နှစ်အထက် အသက်အရွယ်ကြီးသူများ ကြိုတင်မဲပေး ခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများအား နစ်နာစေရန် ခြိမ်းခြောက်ပြောဆိုခြင်း၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ များအရ ဆန္ဒမဲပေးပိုင်ခွင့်မရှိသူများကို မဲစာရင်းတွင် ထည့်သွင်းပေးရန်အတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ဖိအားပေးထောက်ခံ လက်မှတ်ရေးထိုး စေခဲ့ခြင်းဖြင့် ရွေးကောက်ပွဲတွင် မလျော်သြဇာသုံးမှုကို ကျူးလွန် ခြင်း၊ NLD ပါတီအနိုင်ရရှိရေးအတွက် ရွေးကောက်ပွဲ လုပ်ငန်းများတွင် ဝင်ရောက် စွက်ဖက်ခြင်း၊ ရွေးကောက်ပွဲမကျင်းပမီတစ်ရက် အလိုအထိမဲစာရင်း တွင် အမည် များထည့်သွင်းရန် မရိုးမဖြောင့်သည့်သဘောဖြင့် စေခိုင်းခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့ သဖြင့် တည်ဆဲဥပဒေ များနှင့်အညီ သက်ဆိုင်ရာတရားရုံးများတွင် နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ တရားစွဲဆိုအရေး ယူဆောင်ရွက်နေပြီဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် တည်ဆဲဥပဒေ များ၊ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက် လျက်ရှိသည်။ ယခုအခါ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်ကို ဥပဒေနှင့်အညီ ပယ်ဖျက်ခဲ့ပြီး လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲပျက်ပြားစေရန် မဲမသမာ မှု၊ တရားမဲ့ပြုကျင့်မှု ကျူးလွန်ခဲ့ကြ သူများနှင့် ပါဝင်ပတ်သက်ဆောင်ရွက်ခဲ့ကြ သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်ခဲ့ခြင်း သည် စစ်မှန် သော လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဖြစ်ပေါ်လာ အောင် ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။
(ကြေးမုံ အယ်ဒီတာ့အာဘော်)