Skip to main content

မြိတ်၊ တန့်ယန်းနှင့် ရပ်စောက်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၁၉

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီတွင် မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု မြိတ်တောင်ကျေးရွာအနီးတွင် ထက်နိုင်ဦး မောင်းနှင်ပြီး နေမျိုး(ခ)နောင်ပိန် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း။

ထို့အတူ ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တန့်ယန်းမြို့နယ် တန့်ယန်းပန်ဆန်းသွား ကားလမ်းရှိ တာကော်အက် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မနန်းလိတ် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၀ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကို လည်းကောင်း။

အလားတူ ယင်းနေ့နံနက် ၉ နာရီခွဲတွင် ရပ်စောက်မြို့နယ် မားသဲကျေးရွာအုပ်စု မုံပြင် (မြောက်) ကျေးရွာရှိ ထွန်းလင်းအောင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၃၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား