နေပြည်တော် ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟို၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ် (၁၁၉) ဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၈ နာရီတွင် ကျင်းပရာ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးဇော်ဇော် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ကျောင်းအုပ်ကြီး/ ဒုတိယ ပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူး/ ပါမောက္ခ (ပညာဌာနမှူး)များ၊ ဌာနမှူး/ တွဲဖက် ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက် ကထိကများ၊ နည်းပြများနှင့် အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၁၁၉) သို့ တက်ရောက်ကြ သည့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့မှ ဒုတိယ ဦးစီးမှူးအဆင့်ရှိ အရာထမ်းငယ် သင်တန်းသား(၁၁၃)ဦး၊ သင်တန်းသူ(၁၃၂)ဦး စုစုပေါင်း(၂၄၅)ဦး တက်ရောက် ကြောင်းနှင့် သင်တန်းကာလမှာ ရက်သတ္တ(၁၀)ပတ် ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)