နေပြည်တော် ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာ အဆောက်အအုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံး၌ ပြုလုပ်ရာ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
လွှဲပြောင်းပေး
ဦးစွာပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဝန်ထမ်းအိမ်ရာ အဆောက်အအုံ သစ်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာ စကား ပြောကြားကြသည်။ ထို့နောက် Royal Ayar Creative & Construction Co., Ltd. မှ မန်နေဂျင်း ဦးညီညီထွန်းက အဆောက်အဦဆိုင်ရာ အချက်အလက်များကို တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ထံသို့ လွှဲပြောင်းပေးခဲ့ပြီး Royal Ayar Creative & Construction Co., Ltd. မှ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းထွန်းက ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ကို အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ယင်းနောက် ကျောင်းကုန်း မြို့နယ် ကရင်ဒုံးယိမ်းအဖွဲ့ က ကရင်ဒုံးယိမ်းအက ဖြင့် ကပြဖျော်ဖြေကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အကအဖွဲ့အား ဆုများပေးအပ်ချီးမြှင့်ကြပြီး ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်အား လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်