နေပြည်တော် ဇန်နဝါရီ ၈
ဇန်နဝါရီ ၁၀ ရက်တွင်ကျရောက်မည့် (၇၄) နှစ်မြောက် ကချင်ပြည်နယ် နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်(အထက်မြန်မာပြည်)တို့ ပူးပေါင်း ကျင်းပသည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲနှင့် မျိုးဆက်သစ်ပြိုင် ပွဲများကို ယနေ့တွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲများသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာ ရှင်များ တက်ရောက်ကြပြီး ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲတွင် ၅ ချီစိန်ခေါ်ပွဲ ၂ ပွဲ၊ ၃ ချီစိန်ခေါ်ပွဲ ၈ ပွဲ၊ ရိုးရာအောင်လံပွဲအထူး (လူကြီး) ၁ ပွဲနှင့် ရိုးရာအောင်လံပွဲအထူး(လူငယ်) ၁ ပွဲ စုစုပေါင်းပွဲစဉ် ၁၂ ပွဲယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး အနိုင်ရရှိ သူများကိုဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်