Feb 25, 2022
၁။ ကျွန်တော့်အနေဖြင့် တရားရုံးတော်ရှေ့မှောက်၌ လျှောက်လဲခွင့်ရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။
Feb 25, 2022
တပ်မတော်သည် မြန်မာနိုင်ငံ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဒီမိုကရေစီ ခရီးလမ်း တည့်မတ်မှန်ကန်စွာ လျှောက်လှမ်းနိုင် ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်ကို ခေတ္တထိန်းသိမ်းဆောင်ရွက်ခဲ့သည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့တာဝန်ကိုရယူခဲ့ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို အလေးထား၍ နေ့မနားညမနား ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
Feb 25, 2022
ယူကရိန်းနိုင်ငံအပေါ် ရုရှားကစစ်ရေးအရ ဝင်ရောက်တိုက်ခိုက်လာမှုက ဖြစ်နိုင်ခြေရှိသည့် အခြေအနေများ ဖြစ်ပေါ်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ တစ်ချိန်က ဆိုဗီယက် ပြည်ထောင်စုဝင် နိုင်ငံများဖြစ်သည့် ယူကရိန်းတွင် ရုရှားလူမျိုး ရှစ်သန်းကျော် ရှိနေပြီး ရုရှားနိုင်ငံထဲတွင်လည်း ယူကရိန်း နှစ်သန်းခန့်ရှိနေရာ ယူကရိန်းသည် ရုရှားနှင့်အကျိုးစီးပွား ဆက်စပ်နေသည့် မိသားစုနိုင်ငံတစ်ခုသဖွယ် ဖြစ်နေသည်။ သို့ရာတွင် တစ်ချိန်က စစ်အေး ကာလပြိုင်ဘက်အနောက်အုပ်စုနှင့် ယူကရိန်းက ပိုမိုနီးကပ်သွားခဲ့သည့်အပြင် စစ်စာချုပ် အဖွဲ့ဝင် နိုင်ငံဖြစ်သွားမည့်အရေးက ရုရှား၏ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို အနီးကပ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည့်အတွက် ရုရှားသမ္မတ ပူတင်က တောင်းဆိုမှုများ ပြုခဲ့သည်ကို သတင်းများ တွင် တွေ့ရသည်။
Feb 24, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Feb 24, 2022
တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်နှင့်အညီ နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ်ကြေညာ၍ နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ရယူထိန်းသိမ်းခဲ့ရပြီးနောက် နိုင်ငံတော်တစ်ဝှမ်းလုံးတွင် နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Feb 24, 2022
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍
Feb 24, 2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး
Feb 24, 2022
ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ နိုင်ငံတော်အပေါ်သစ္စာစောင့်သိ၍ အလုပ်တာဝန်များကို ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း များအား အကြမ်းဖက်သမားများအနေဖြင့် လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အနိုင်အထက်ပြုကျင့်ကာ အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၌ စစ်ကိုင်း တိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မင်းကုန်းကျေးရွာနေ ရပ်/ကျေးစာရေး အမျိုးသမီး တစ်ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း သိရသည်။