Skip to main content

Apr 11, 2022

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက်(၁၄)မိုင် ခန့်အကွာ၊ နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ် (၅) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းကို စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန် စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော အလှကုန်ပစ္စည်းများ၊ ဖုန်းနှင့်ကွန်ပျူတာ အပိုပစ္စည်းများ၊ မော်တော်ယာဉ်အပိုပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် လုပ်ငန်းသုံးစက်ကိရိယာပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၃၆၄၇၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2022

၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လကာလတွင် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၂၆၆ ဒသမ ၃၉၈ သန်းဖြင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ငပုအင်း- ရွာဟောင်း - ရွာသစ် ကျေးရွာ ချင်းဆက် မြေသားလမ်း သုံးမိုင် ဖောက်လုပ်ခြင်းလုပ်ငန်း၊ ကျုံကွယ်ကျေးရွာအုပ်စု မိခွမ်း (ကျောက်အင်း)-ထိဝါးကလိ ကျေးရွာချင်းဆက်လမ်း တစ်မိုင် ကျောက်ခင်းခြင်းလုပ်ငန်း၊ အံကစင်(မွန်စု)-လွှစင်ကုန်း-ကော့ခလိန်လမ်း လေးမိုင် ခုနစ်ဖာလုံ လမ်းပိုင်းတွင် သုံး ဒသမ ငါးဖာလုံ လမ်းတာချဲ့ခြင်းနှင့် ရေထုတ်ပြွန် နှစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2022

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်း ကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2022

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီ တွင် မင်္ဂလာဒုံမြို့နယ် ပလရ ရပ်ကွက် ဗိုလ်ခြံမှတ်တိုင်အနီးရှိ ဆုတောင်းပြည့် ကပ်ကျော်ဘုရားနှင့် ထောက်ကြန့်လမ်းဆုံအကြား ပြည်လမ်းတစ်လျှောက် လမ်းသား များခြစ်၍ ကတ္တရာကွန်ကရစ် (AC) ထပ်ပိုးလွှာ ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်