Apr 10, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်မြို့မိမြို့ဖများအား လားရှိုးမြို့ရှိ မြို့နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
Apr 10, 2022
မိမိတို့နိုင်ငံ၌ တစ်ဦးချင်း အသိပညာ၊ အတတ်ပညာ မြင့်မားမှသာ လျှင်စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာမည်ဖြစ်ပြီး တိုင်းပြည်၏အနာဂတ်နှင့် နိုင်ငံတော်၏အနာဂတ်ကို အာမခံနိုင်မည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဧပြီ ၈ ရက် မွန်းလွဲပိုင်းတွင် လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
Apr 10, 2022
လက်ဖက်သည် မြန်မာ့ယဉ်ကျေးမှုနှင့် နေ့စဉ်လူမှုဘဝတို့တွင် သာမန်စားသောက်ဖွယ်ရာ တစ်ခုထက် ပို၍အရေးပါသည်။ အရွက်မှာ လက်ဖက်၊ နတ်သစ်ရွက်ဟူသောဆိုရိုးနှင့်အညီ လက်ဖက်ကို အစို၊ အခြောက်(အခါးခြောက်၊ အချိုခြောက်)အဖြစ် ထုတ်လုပ်၍ နှစ်သက်စွာ စားသောက်ခဲ့ကြရာ မြန်မာ့ လက်ဖက်သည် နှစ်ပေါင်းထောင်ချီသည့် သမိုင်းကြောင်းရှိသော စားသုံးကုန်ဖြစ်သည်။ သို့ရာတွင် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း လက်ဖက်ဈေးကွက် ကျဆင်းခဲ့ရာ အဓိကအကြောင်းများတွင် ပြည်တွင်းလက်ဖက်ထုတ်ကုန်များ၏ အရည်အသွေး အားနည်းချက်နှင့် တရုတ်၊ ဗီယက်နမ် စသည့်ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် လက်ဖက်ထုတ်ကုန်များကို ဈေးကွက်တွင် မယှဉ်ပြိုင် နိုင်ခြင်း စသည့်အကြောင်းများလည်း ပါဝင်နေသည်။
Apr 09, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ရေဦး-တန့်ဆည်ကားလမ်းပေါ်၌ ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးသည့် ကျန်းမာရေး ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့အား အကြမ်းဖက်သမားများက ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကာကွယ်ဆေးထိုးနှံသည့် အဖွဲ့မှ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်တစ်စီးတို့ ပျက်စီးခဲ့ကြောင်း သိရသည်။
Apr 09, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Apr 09, 2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မိသားစု မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ယနေ့နံနက် (၇) နာရီခွဲက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာနရုံးရှေ့ကွင်းပြင်တွင် ကျင်းပသည်။
Apr 09, 2022
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် လားရှိုးမြို့ပြည်သူ့ဆေးရုံ ကုသဆောင်များကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
Apr 09, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိတ်ကြိုက်မြန်မာစာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၃ ဦး ရှိကြောင်း သိရသည်။
Apr 09, 2022
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ နာယကများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီ သန်းနှင့် ဦးရွှေလေးတို့သည် ယနေ့နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီနာယကအဖွဲ့ အစည်းအဝေးသို့ တက်ရောက်သည်။
Apr 09, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ ညနေပိုင်းက ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မိသားစုသင်္ကြန်အကြို ပွဲတော်သို့ ပါဝင်ဆင်နွှဲသည်။