နေပြည်တော် ဧပြီ ၁၀
၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လကာလတွင် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၂၆၆ ဒသမ ၃၉၈ သန်းဖြင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ငပုအင်း- ရွာဟောင်း - ရွာသစ် ကျေးရွာ ချင်းဆက် မြေသားလမ်း သုံးမိုင် ဖောက်လုပ်ခြင်းလုပ်ငန်း၊ ကျုံကွယ်ကျေးရွာအုပ်စု မိခွမ်း (ကျောက်အင်း)-ထိဝါးကလိ ကျေးရွာချင်းဆက်လမ်း တစ်မိုင် ကျောက်ခင်းခြင်းလုပ်ငန်း၊ အံကစင်(မွန်စု)-လွှစင်ကုန်း-ကော့ခလိန်လမ်း လေးမိုင် ခုနစ်ဖာလုံ လမ်းပိုင်းတွင် သုံး ဒသမ ငါးဖာလုံ လမ်းတာချဲ့ခြင်းနှင့် ရေထုတ်ပြွန် နှစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ နယ်စပ်ဒေသ လမ်းတံတားများ ဆောင်ရွက်ပေးခြင်းကြောင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ ရာသီမရွေးသွားလာနိုင်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုကြောင်း သိရသည်။
သတင်းစဉ်