Apr 10, 2022
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ ခရီးသွားလာရေးဆိုင်ရာအချက် အလက်များနှင့် လိုအပ်သည့် သတင်းအချက်အလက်များ လွယ်ကူစွာရယူနိုင်ရန် ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေး ကောင်တာများကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုသည်။
Apr 10, 2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၁ ရက်မှ ၉ ရက်အတွင်း ကုန်သွယ်ရေးစခန်းများမှ ကုမ္ပဏီသုံးခု၊ ယာဉ်စီးရေ လေးစီးဖြင့် နှာခေါင်းစည်း (Mask) ၂၆ တန် တင်သွင်းခဲ့သည်။
Apr 10, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ် မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၄၁ ဦး၊ အမျိုးသမီး ၁၂၀ စုစုပေါင်း ၃၆၁ ဦးတို့ကို လက်ခံခဲ့ကြသည်။
Apr 10, 2022
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ရှိအစ္စလာမ်ဘာသာဝင်များ၏ ရာမဒန်လမြတ်ကာလတွင် ဥပုသ်ဝင်ရောက်ကြသူများအတွက် စားသောက်ဖွယ်ရာများကို သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက် ပေးအပ်လှူဒါန်းလျက်ရှိသည်။
Apr 10, 2022
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧပြီ၈ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရေကြည်မြို့နယ် ဒွာရစုကျေးရွာ၊ ပန်းတနော်မြို့နယ်မြေနု ကျေးရွာ၊ သောင်ပင်သာ ကျေးရွာနှင့် သာပေါင်းမြို့နယ်ရွာသစ် ကုန်းကျေးရွာများမှ နေအိမ်များ အမိုးလန် ပြိုကျခြင်းများ ဖြစ်ပေါ်သည်။
Apr 10, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (မြောက်ပိုင်း)သိန်းနီမြို့ရှိ သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ကြီးကျယ်ခမ်းနားထည်ဝါ သည့်ဟော်နန်းတော် (ဟော်ခမ်းသျှမ်းဝီ) ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။